ဘာသာရေးကို ဂဂနနမသိဘဲ အရမ်းကာရော မဝေဖန်ကြလေနဲ့

Pastor Terry Jones wanted to burn the Qur’an because he believes it preaches violence. That, in fact, has been an article of faith for critics of Islam post-9/11. “See, it says right here,” they say, pointing to the “Sword Verses,” of which they are a dozen. They quote them selectively, as does Osama bin Laden — he to justify violent jihad, they to demonize Islam.
ကုရ်အန်ကျမ်းသည် အကြမ်းဖက်မှုတွေကို ပို့ချပေးနေတဲ့ကျမ်း ဖြစ်တယ်လို့ ယုံကြည်နေတဲ့အတွက် (အီဗန်ဂျလီကယ်) ခရစ်ယန်ဘုန်းတော်ကြီး တယ်ရီဂျုန်းက မီးရှို့ပစ်ချင်နေပါတယ်။ နိုင်းဝမ်းဝမ်းနောက်ပိုင်းတွင် အစ္စလာမ်ဘာသာကို ပြစ်တင် ဝေဖန်နေသူတွေကလည်း ကုရ်အန်ကျမ်းထဲက ဓါးကဏ္ဍရဲ့ တစ်ဒါဇင်လောက်ရှိတဲ့ စာပိုဒ်တွေကို ဟောဒီမှာ ကြည့်ကြဆိုပြီး ရွေးချယ် ထောက်ပြနေကြပါတယ်။ အမှန်တကယ်ကတော့ မိမိရဲ့ အကြမ်းဖက်ဝါဒဆိုးကို အထောက်အကူပြုဖို့ အိုစာမာဘင်လာဒင်က ဒီကျမ်းစာပိုဒ်တွေကို မိမိလိုရာဆွဲပြီး ကိုးကားခဲ့သလို အစ္စလာမ်ဘာသာကို သရုပ်ဖျက်လိုသူများကလည်း အိုစာမာဘင်လာဒင်လိုဘဲ တမင်လိုရာဆွဲ ကိုးကားနေကြခြင်းသာ ဖြစ်ပါတယ်။




As with most sacred texts, the Qur’an is open to human interpretation. But there’s consensus among reputable scholars, Muslims and non-Muslims, that the book sanctions war only for defensive purposes. Peace is the norm, not violence and warfare.
အခြားဘာသာရေးကျမ်းတွေလိုဘဲ ကုရ်အန်ကျမ်းကို လူသားတွေက မိမိအားသန်ရာကို လိုသလိုဆွဲပြီး အဓိပ္ပါယ်ကောက်နိုင်၊ ဖွင့်နိုင်ကြပါတယ်။ သို့သော် ကုရ်အန်ကျမ်းထဲက စစ်မက်ပြုရေး ခွင့်ပြုချက်တွေဟာ မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်းကို ဂုဏ်သိက္ခာရှိ ထင်ရှားကျော်ကြားသည့် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သော ကမ္ဘာ့သာသနာရေးဆိုင်ရာ ပညာရှင်များက တညီတညွတ်တည်း ထောက်ခံ အတည်ပြုထားပြီး ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကိုသာ အခြေခံ စံအဖြစ် သတ်မှတ်ထားသော သာသနာဖြစ်ပါတယ်။ အကြမ်းဖက်မှုနှင့် စစ်ပွဲများသည် အစ္စလာမ်၏ စံအခြေခံ မဟုတ်ပါ။



The most contentious verse, Slay them wherever you find them, is part of a passage that emphasizes self-defence, not warmongering:
ပြသနာအဖြစ်ရဆုံးဖြစ်တဲ့ “သူတို့ကို တွေ့ရာသချိင်္ုင်း ဓါးမဆိုင်းဘဲ သတ်ပစ်ကြ”ဆိုတဲ့ ကျမ်းစာပိုဒ်သည်ပင်လျှင် မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက် (မလွှဲ မရှောင်သာသော) တရားသောစစ် အတွက်သာဖြစ်ပြီး၊ စစ်သွေးဆာတဲ့သဘော၊ စစ်သွေးကြွတဲ့သဘော မဟုတ်ပါဘူး(ဆိုတာကို လူအများက မသိကြဘူး)။




Fight in the way of God against those who fight you, but begin not hostilities; Allah loves not the aggressors. And slay them wherever you find them and expel them from places whence they expelled you, for persecution is worse than slaughter. . . But if they desist, cease hostilities (2:190-93).
ထို့ပြင်တဝ အလ္လာဟ်အရှင်၏ လမ်းတော်တွင် အသင်တို့ကို (စတင်)စစ်မက်ပြိုင် တိုက်ခိုက်သူတို့နှင့်သာ ပြိုင်ဆိုင် တိုက်ခိုက်ကြလော့။ သို့ရာတွင် အသင်တို့သည် (မည်သည့်နည်းနှင့်မှ)စတင် မကျူးကျော်ကြလေနှင့်။ ဧကန် အလ္လာဟ်အရှင်သည် (စတင်)ကျူးကျော်သူတို့ကို မနှစ်သက်ပေ။ ထို့နောက် ၄င်းတို့အား တွေ့ရာနေရာများတွင် ဖမ်းဆီး ကွပ်မျက်ကြ။ ထို့ပြင် အသင်တို့အား ၄င်းတို့က (မက္ကာမြို့တော်မှ)နှင်ထုတ်ကြသကဲ့သို့ အသင်တို့ကလည်း ၄င်းတို့အား ပြန်နှင်ထုတ်ကြ။ အမှန်သော်ကား ညှင်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ဆိုးဝါးပေ၏။့ အကယ်၍ ထိုသူတို့က စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းကို ရပ်တန့်ကြပါမူ၊ အသင်တို့သည် အခြားသူများအား ကျူးကျော်စော်ကားရန် အကြောင်းမရှိပေ။




Another “sword” verse, Take them and slay them, was revealed when Muslims were being persecuted in seventh century Arabia:
သူတို့ကို တိုက်ကြ၊ သတ်ကြဆိုတဲ့ ဓါးကဏ္ဍ၏ အခြားကျမ်းစာပိုဒ်သည်လည်း (ရ)ရာစုနှစ် အာရေဗျမှာ မွတ်စလင်များ အညှဉ်းဆဲခံ၊ အတိုက်ခိုက်ခံနေရမှုကို အကြောင်းပြု၍ (ပြန်လှန်ခုခံကာကွယ်ရေးအတွက်)သာ ကျရောက်လာခြင်း ဖြစ်ပါတယ်။




If they leave you alone and do not fight you and offer you peace, then Allah allows you no way against them;(but) if they withdraw not from you nor offer you peace, then take them and slay them wherever you find them (4:90-91).
သို့ရာတွင် ၄င်းတို့သည် အသင်တို့ထံမှ ဆုတ်ခွာ၍ အသင်တို့နှင့် စစ်တိုက်ခြင်း မပြုဘဲနေခဲ့သော်၊ သို့တည်းမဟုတ် ၄င်းတို့က အသင်တို့ထံ စစ်ပြေငြိမ်းရန် ကမ်းလှမ်းခဲ့သော် အသင်တို့အား ၄င်းတို့နှင့် ဆက်လက်တိုက်ခိုက်ရန် အလ္လာဟ်အရှင်က မည်သည့်နည်းနှင့်မျှ ခွင့်ပြုမည် မဟုတ်။့  အကယ်၍သာ ၄င်းတို့သည် အသင်တို့(နှင့် စစ်ပြိုင်တိုက်ခိုက်ခြင်း)မှ ဆုတ်ခွါ၍ မနေခဲ့သည်ရှိသော်၊ ၄င်းအပြင် အသင်တို့ထံ စစ်မက်အရေး ကျေအေးပြေငြိမ်းရန် ကမ်းလှမ်းခြင်း မပြုခဲ့သည်ရှိသော် အသင်တို့သည် ၄င်းတို့အား အရပ်ဒေသ၌ ဖမ်းဆီးကြလေကုန်။ သတ်ဖြတ်ကြလေကုန်။




Another injunction, Fight the leaders of unbelief, has a qualifier:
နောက်ပြဌာန်းချက်တစ်ခုဖြစ်တဲ့ မယုံကြည်သူတွေရဲ့ ခေါင်းဆောင်တွေကို တိုက်ခိုက်ရန် ခွင့်ပြုခြင်းမှာပင် ကန့်သတ်ချက်တွေ ရှိနေပြန်ပါတယ်။




If they break their pledges after their covenant (with you) and assail your religion, then fight the leaders of unbelief (9:12).
တစ်ဖန် ၄င်းတို့သည် အသင်တို့နှင့် ကတိသစ္စာပြုပြီးမှ ကတိဖျက် သစ္စာဖေါက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ သာသနာကို ကဲ့ရဲ့ ပြစ်တင် ရှုံ့ချခြင်း၊ တိုက်ခိုက်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါမူ ထိုမယုံကြည်သူတို့၏ ခေါင်းဆောင်များကို တိုက်ခိုက်ကြကုန်၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၌ ကတိသစ္စာများ မရှိကြတော့ပြီ။




Another verse concerning fighting comes in the context of the right of both Muslims and non-Muslims to practise their religion.
နောက်ကဏ္ဍတစ်ခုမှာဆိုလျှင် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို ထိပါးလာလျှင် ပြန်လှန် ခုခံ ကာကွယ်ပိုင်ခွင့်ကို မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများ အားလုံးအတွက်ပင် တန်းတူ ခွင့်ပြု ပြဌာန်းပေးထားပါတယ်။




Leave is given to those who fight, because they have been wronged . . . (and) expelled from their homes unjustly only for saying, ‘Our Lord is God.’ Had it not been for God repelling some men by means of others, churches, oratories and mosques . . . would surely have been pulled down (22:39-40).
(အစဉ်တစိုက်)တိုက်ခိုက်ခြင်း ခံနေရသော မွတ်စလင်မ်တို့သည် (ယခုအခါ)ပြန်လည်ခုခံ တိုက်ခိုက်ခွင့် ရရှိလေပြီ။ အကြောင်းသော်ကား ၄င်းတို့သည် ညှဉ်းပမ်း နှိပ်စက်ခြင်းကို ခံခဲ့ကြရလေသည်။့ ၎င်းတို့က ကျွန်ပ်တို့၏ ဖန်ဆင်းရှင်သည် အလ္လာဟ်အရှင်ဖြစ်သည်ဟု ပြောဆိုရုံဖြင့် မိမိတို့ နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရသည်။ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဂျူးဘုရားကျောင်းများနှင့် အရှင်၏ နာမတော်များအား အကြိမ်ကြိမ် တသရွတ်ဆိုလျှက်ရှိသော ဗလီဝတ်ကျောင်းများသည်လည်းကောင်း ဖြိုဖျက်ခြင်း ခံကြရမည် အမှန်ပင်။




Islamic tradition also holds that the “sword verses” were, in fact, overtaken by others revealed later when peace prevailed between Muslims and non-Muslims. Thus the Qur’anic exhortations to avoid war altogether, limit warfare, and, if attacked, to respond only proportionately, protecting civilians and not mutilating the dead:
အမှန်စင်စစ် ဓါးကဏ္ဍမှာပါတဲ့ (တိုက်ခိုက်ရန် ခွင့်ပြုခြင်း)များသည်ပင်လျှင် မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများအကြား ငြိမ်းချမ်းရေးရပြီးသောအခါ ကျရောက်သော နောက်ကျမ်းစာပိုဒ်များက ချေဖျက်ပြီး ဖြစ်ပါတယ်။ ကုရ်အန်တွင် စစ်ကို ရှောင်လွှဲဖို့၊ စစ်ကို ကန့်သတ်ဖို့၊ အတိုက်ခံရလျှင်တောင် တဆုံးတစမဟုတ်ဘဲ သင့်တင့်ညီမျှသော အင်အားသုံး၍ တုန့်ပြန်ဖို့သာမက အရပ်သားများကို အကာအကွယ်ပေးခြင်း၊ သေဆုံးသူများ၏ ခန္ဓာကိုယ်ကို မဖျက်ဆီးရခြင်းများကို စည်းကမ်းအဖြစ် သတ်မှတ်ပေးထားခဲ့ပါတယ်။



Warfare is an awesome evil (2:216).
အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် အသင်တို့အဖို့ သဘာဝအလျောက် ရွံရှာစက်ဆုပ်(ဝန်လေး)ဘွယ်ရာပင် ဖြစ်ချေသည်။



If your enemy inclines toward peace, then you, too, should seek peace (8:61).
၎င်းတို့(သင်၏ ရန်သူများ)သည် စစ်ပြေငြိမ်းရန် ယိမ်းညွှတ်ပါလျှင် အသင်တို့လည်း စစ်ပြေငြိမ်းရန် ယိမ်းညွှတ်ပါလေ။



Some of the 9/11 hijackers were said to have cited a verse calling on the believers to slay the idolaters. Here’s the full quote:
နိုင်းဝမ်းဝမ်း လေယာဉ်ပြန်ပေးဆွဲ(၍ ကမ္ဘာ့ကုန်သွယ်ရေး ဌာနချုပ်ကို တိုက်ခိုက်)သူများက အစ္စလာမ်ဘာသာဝင်များကို သူတို့ကဲ့သို့ ဘာသာခြားတွေကို တိုက်ခိုက်ကြရန် လှုံ့ဆော် ရွတ်ဆိုခဲ့သည်ဆိုသော ကုရ်အန်ကျမ်းစာပိုင်းကို အပြည့်အစုံ(Full Context) ကိုးကားမည်ဆိုလျှင်



When the sacred months have passed, slay the idolaters wherever you find them, and take them (captive), and ambush them. But if they repent and establish worship and pay the poor-due (charity), then let them go free (9:5).
ထူးမြတ်သောလများ ကုန်လွန်သွားသောအခါ ကတိ ချိုးဖေါက်သော (သာသနာ့အယောင်ဆောင်)တို့အား တွေ့ရာနေရာများတွင် သတ်ဖြတ်ကြ။ ဖမ်းဆီးချုပ်နှောင်ထားကြ။ ၄င်းတို့ ပုန်းအောင်းသော နေရာတိုင်းတွင် ချောင်းမြောင်းကြ။ အကယ်၍ ထိုသူတို့သည် ၀န်ချ တောင်းပန်ခြင်းကိုလည်းကောင်း၊ တည်မြဲစွာ ဆွလာသ် ၀တ်ပြုမှုကိုလည်းကောင်း၊ (ဆင်းရဲသားများအတွက်)ကျသင့်သော အလှူဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုမူကြပါမူ၊ အသင်တို့သည် ၄င်းတို့၏ လမ်းကို ဖွင့်လှစ်ပေးကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်သည် လွတ်ငြိမ်း ချမ်းသာခွင့်ပေးသော ညှာတာသနားသော အရှင်ဖြစ်ပေ၏။



“Just as Old Testament passages regarding violence and warfare need to be understood as a response to a specific historical situation, so too the Qur’an,” says John Esposito, professor of Islamic Studies at Georgetown University in Washington, D.C.
ခရစ်ယာန် ဓမ္မကျမ်းဟောင်းရှိ အကြမ်းဖက်မှု၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှုဆိုင်ရာ ကျမ်းစာပိုင်းတွေကို နားလည်နိုင်ရန်အတွက် ထိုကာလ သမိုင်းဆိုင်ရာ အချက်အလက်တွေကို သိထားဖို့ လိုအပ်သလို ကုရ်အန်ကျမ်းစာကို နားလည်ရန် ကုရ်အန်ကျမ်း ကျရောက်စဉ်ကာလ သမိုင်းကို သိထားဖို့ လိုပါတယ်လို့ ဝါရှင်တန်ရှိ ဂျော့တောင်းတက္ကသိုလ် အစ္စလာမ်ဘာသာလေ့လာရေး ပါမောက္ခ ဂျွန် အက်စ်ပိုစီတိုက ဆိုပါတယ်။



In fact, Philip Jenkins, professor of religion at Penn State University and author of Jesus Wars and Dark Passages, has argued that “the scriptures in the Qur’an are far less bloody and less violent than those in the Bible. There’s a specific kind of warfare laid down in the Bible which we can only call genocide.”
ဧကန်စင်စစ် ကုရ်အန်ကျမ်းပါ သွေးထွက်သံယိုမှုများ၊ အကြမ်းဖက်မှုများကို ဘိုင်ဘယ်လ်ကျမ်းစာမှာ ပါရှိမှုတွေနှင့် နှိုင်းယှဉ်မည်ဆိုပါက အင်မတန်မှပင် နည်းပါးပါတယ်လို့ “ခရစ်တော်၏ စစ်ပွဲများ စာအုပ်နှင့် နက်မှောင်သော ကာလများ ဆောင်းပါး”ကို ရေးသားသူ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တက္ကသိုလ် ဘာသာရေးပါမောက္ခ ဖိလစ် ဂျင်ကင်းစ်က ဆိုပါတယ်။



In the first book of Samuel, God instructs King Saul to attack the Amalekites: “And utterly destroy all that they have, and do not spare them,” God says through Samuel. “But kill man and woman, infant and nursing child, ox and sheep, camel and donkey.” When Saul failed to do that, God took away his kingdom.
ဆမ်မြူရယ်၏ ပထမကျမ်းစာအုပ်(ခရစ်ယန်ဓမ္မဟောင်းကျမ်း)အရ ထာဝရဘုရားရှင်က တမန်တော် ဆမ်မြူရယ်မှတဆင့် ရှောဘုရင်ကို အမာလက်လူမျိုးများကို တိုက်ခိုက်ရန် “သူတို့မှာ ရှိရှိသမျှ ယောင်္ကျားတွေ၊ မိန်းမတွေ၊ ကလေးငယ်တွေ၊ နို့စို့အရွယ် လူမမယ်လေးတွေ၊ နွားတွေ၊ သိုးတွေ၊ ကုလားအုပ်တွေ၊ မြည်းတွေအပါအဝင် အလုံးစုံကို တစိုးတစိ တစ်ယောက်မကျန် အကုန်အစင် ဖျက်ဆီး သတ်ဖြတ်ပစ်ကြလော့” ဟူ၍ အမိန့်တော် ချမှတ်ခဲ့လေ၏။ “ထာဝရဘုရားသခင်၏ အမိန့်တော်ကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ထာဝရဘုရားသခင်က ရှောဘုရင်၏ နိုင်ငံတော်ကို ရုပ်သိမ်းတော်မူ၏။”




“In other words, Saul has committed a dreadful sin by failing to complete genocide. And that passage echoes through Christian history,” Jenkins has said. တ
နည်းအားဖြင့်ဆိုလျှင် “ရှောဘုရင်သည် ထာဝရဘုရားသခင်၏ အမိန့်တော်အရ လူမျိုးတုန်း သတ်ဖြတ်ရေးကို ပြီးမြောက်အောင် မဆောင်ရွက်ခဲ့ခြင်းအားဖြင့် ထာဝရဘုရားသခင်၏ အမိန့်တော်ကို ဖီဆန်ခြင်းဟူသော ပိုမိုကြီးမား ပြင်းထန်သော ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။” ယခုကဲ့သို့ သင်ကြားချက်မျိုးက ခရစ်ယာန် သမိုင်းတလျှောက်လုံးကို ပဲ့တင်ဖုံးလွှမ်းလျှက် ရှိနေခဲ့တယ်လို့ ပါမောက္ခ ဂျန်ကင်က ဆိုပါတယ်။




All these issues are best left to theologians and historians. But, lately, they’ve become part of our public discourse. In that context, it’s useful to remember that religions have always been used for both good and evil; that people in a democracy are free to practise their faith — within the rule of secular law; and that those violating the law, for religious or other reasons, will have the book thrown at them.
ဒီလိုပြသနာတွေ အားလုံးကို ဘာသာရေးပညာရှင်တွေ၊ သမိုင်းပညာရှင်တွေအတွက်သာ ထားရှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် အခုနောက်ပိုင်းကာလမှာ ဒီပြသနာတွေဟာ လူသာမန်တွေအကြားမှာ နေ့တဓူဝ ညင်းခုန်စရာ ဖြစ်လို့နေပါပြီ။ ဒီလိုဆိုရင်ဖြင့် ဘာသာရေးတွေဆိုတာ အကောင်းအတွက်ဖြစ်ဖြစ် အဆိုးအတွက်ဖြစ်ဖြစ် အစဉ် အသုံးချနိုင်ကြတယ် ဆိုတဲ့အချက်ကို မမေ့သင့်ကြပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ တရားဥပဒေအရ ပြည်သူတွေဟာ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။ ဒီရပိုင်ခွင့်တွေကို ဘာသာရေး အတွက်ကြောင့်ဖြစ်ဖြစ်၊ အခြားအကြောင်းတွေကြောင့်ဖြစ်ဖြစ်၊ ချိုးဖောက်သူတွေကို တရားဥပဒေကဘဲ ဆုံးမရမှာ ဖြစ်ပါတယ်။




These are statements of the obvious but they bear repeating in these highly charged times.
ဒါတွေက အင်မတန် သိသာထင်ရှားတဲ့ အချက်အလက်တွေဖြစ်ပေမဲ့၊ အချို့သူတွေအဖို့ကတော့ ခုလို အဆိပ်တက်နေတဲ့ ကာလမျိုးမှာ သိသိကြီးနှင့် မသိချင်ယောင်ဆောင်ကာ တမင် ထပ်တလဲလဲ ချိုးဖေါက် နေကြဆဲ ဖြစ်ပါတယ်။




hsiddiqui@thestar.ca

http://www.thestar.com/opinion/editorialopinion/article/859628--siddiqui-leave-quotation-of-sacred-texts-to-theologians





မှတ်ချက်။ ။ တိုက်ရိုက် လုံးကောက် ဘာသာပြန်ခြင်း မဟုတ်။ ဆီလျော်အောင် ဘာသာပြန်ခြင်းလည်း မဟုတ်။ မြန်မာစာကို မြန်မာတွေ ချောမွေ့စွာ နားလည်လွယ်အောင်၊ တတ်နိုင်သမျှ တိကျမှုလည်းဖြစ်အောင် စိတ်စေတနာမှန်ဖြင့် ပြန်ဆိုသည်။ စာဖတ်သူများကိုယ်တိုင် နှိုင်းယှဉ် ဆန်းစစ်နိုင်သည်။ လိုအပ်ချက်များ တွေ့ရှိပါက ဘာသာပြန်သူ၏ တာဝန်သာဖြစ်ပါသည်။



ကုရ်အန်ကျမ်းစာပိုဒ်များ၏ မြန်မာပြန်ကို ရှာဖွေပေးသော ဆရာဦးစိုးလွင်ကို အထူးကျေးဇူးတင်ပါသည်။ ကုရ်အန်မြန်မာပြန်နှင့် စပ်လျှဉ်း၍ မရှင်းလင်းသည်များ၊ ပိုမို သိရှိလိုသူများသည် ဆရာဦးစိုးလွင်ကို nyeinchan786@gmail.com (http://www.quraninburmese.com/index.shtml)တွင် ဆက်သွယ် မေးမြန်းနိုင်ပါသည်။



လေးစားစွာဖြင့်

ဘာသာပြန်သူ

အောင်တင်

Twitter Delicious Facebook Digg Stumbleupon Favorites More