အစ္စလာမ်သာသနာ ၏ နှစ်ခုစီ လာရှိသောမိန့်ခွန်းတော်များ

(၁) ရစူလွလ္လဟ် (စွ) ကိုယ်တော်မိန့်တော်မူထားသည်မှာ....

မွန်မြတ်ဆုံးသော အကျင့်စာရိတ္တ ၂ ခုရှိသည်။ ထို ၂ခုမှာ....
(၁) အလ္လဟ်အသျှင်မြတ်ကို အီမန် ဆွဲယူယုံကြည်ခြင်း
(၂) မွစ်လင်များ၏အကျိုးကို သယ်ပိုးဆောင်ရွက်ခြင်း


မကောင်းဆုံးသောအကျင့်စာရိတ္တ ၂ ခုလည်းရှိလေသည်။ ထို ၂ ခုမှာ
(၁) အလ္လဟ်အသျှင်မြတ်နှင့် တစုံတရာယှဉ်တွဲ ကိုးကွယ်ခြင်း (ရှရီးက်ပြုခြင်း)
(၂) မွစ်လင်များကို ဒုက္ခရောက်စေခြင်း ။


(၂) ရစူလွလ္လာ (စွ) ကိုယ်တော် မိန့်တော်မူသည်မှာ....

သင်တို့အပေါ်၌ လိုက်နာရန်ထိုက်သင့်သော တရား ၂ ပါးရှိ၏ ။
(၁) စစ်မှန်သောအိုလာမာများထံ၌ ချဉ်းကပ်ခစားခြင်း ။
(၂) ပညာရှိတို့၏ ဆုံးမစကားများကို ကြားနာလက်ခံခြင်း
အဘယ်ကြောင့်ဆိုသော် မြင့်မြတ်တော်မူသောအလ္လဟ်အသျှင်မြတ်သည် ခြောက်တွေ့နေသော မြေကို မိုးရေဖြင့်
စီမ်းလမ်းဆိုပြေသကဲ့သို့ သေနေသောစိတ်ကို ဟီက်မသ် ၏နူရ်အလင်းရောင်ဖြင့် ရှင်သန်စေတော်မူသည်။


(၃) အဗူဘကဲရ် (ရသွေ့) သခင်မိန့်တော်မူသည်မှာ ....

နှိုင်းယှဉ်ချက် ၂ မျိုးရှိသည်။
(၁) မည်သူမဆို သင်္ချိုင်း သို့ .နောင်တမလွန်အတွက် ရိက္ခါမပါပဲဝင်လျှင်...
(၂) ထိုသူသည် ပင်လယ်သမုဒ္ဒသို့ လှေမပါပဲ ခရီးနှင်မည့်သူနှင့် အလားတူပေသည်။


(၄) အုမဲရ်(ရသွေ့)သခင် မိန့်တော်မူသည်မှာ....

ဂုဏ်သိက္ခါ ၂ မျိုးရှိသည်။
(၁) လောက ဒွန်ယာ ၏ဂုဏ်သိက္ခါသည်ဓနဥစ္စာကြွယ်ဝမှုကြောင့် ဖြစ်ထွန်း၍
(၂) နောင်တမလွန်၏ သိက္ခါသည်ကား အအ်မလ် ကောင်းမြတ်သော ကြင့်ကြံမှုကြောင့်ဖြစ်ထွန်းသည်။


(၅) အွသ်မာန် (ရသွေ့) သခင်မိန့်တော်မူသည်မှာ.....

ပူဆွေးခြင်း ၂ မျိုးရှိသည်။
( ၁) လောက်ကီအတွက်ပူဆွေးခြင်းသည် စိတ်ကိုအမှောင်အတိဖြစ်စေပြီး
(၂) တမလွန်အတွက်ပူဆွေးခြင်းသည်စိတ်နှလုံး ရွှင်ပြုံး လင်းဝင်းစေသည်။


(၆) အလီ(ရသွေ့) သခင်မိန့်တော်မူသည်မှာ.....

ရှာဖွေခြင်း ၂ မျိုးရှိလေသည်။
(၁) အကြင်သူသည် အေလင်မ် သာသနာ့ပညာကိုရှာဖွေ ဆည်းပူးနေလျှင် ၄င်းကို သုခဘုံရှာဖွေနေမည်။
(၂) အကြင်သူသည် မကောင်းမှုအကုသိုလ်များရှာဖွေနေလျှင် ၄င်းကို ငရဲဘုံကရှာဖွေနေမည်။


(၇) ယာဟ်ယာအီမ်နုမအားဇ် (ရသွေ့) သခင်မိန့်တော်မူသည့် ၂ မျိုးမှာ
(၁) မည်သည့်ဂုဏ်သရေရှိကောင်းမြတ်သူမှ အသျှင်မြတ်(အလ္လဟ်) အမိန့် ဖီဆန်မှုမပြု။
(၂)မည်သည့်အသိညဏ်ရှိသူမှ တမလွန်ထက် လော်ကီကို ဦးစားမပေးကြပေ။


(၈) အအ်မရှ် (ရသွေ့) သခင်မိန်ကတော်မူသည်မှာ....

အရင်းအနှီး ၂ မျိုးရှိသည်
(၁) အကြင်သူသည် သက္ကဝါ အပြစ်ရှောင်ကြည်ခြင်းကို အရင်းခံလျှင် ထိုသူ၏သာသနာ့အကျိုးဖြစ်ထွန်းမှု
အကြောင်း ပြော၍မဆုံးနိုင် ၊ နှုတ်လျှာများသာ ညောင်းသွားပေမည် ။
(၂)အကြင်သူသည် လော်ကီ အရေးဦးစားပေး အရင်းအနှီးပြုလျှင် ထိုသူ၏သာသနာ့ဆုံးရှုံး လျှော့်နဲမည့်အကြောင်းပြောဆိုရလျှင် မကုန်ဆုံးနိုင် ။ နှုတ်လျှာများသာညောင်းညာပေမည်။

ဆိုလိုသည်မှာ တက္ကဝါတရား လိုက်စားသူသည် အောင်မြင်မည်ဖြစ်ပြီး လော်ကီအာရုံသာထားသူသည်ဆုံရှုံးပေမည်။


(၉) စုဖ်ယန်သောင်ရီ (ရသွေ့) သခင်မိန့်တော်မူသည့် ပြစ်မှု ၂ မျိုး
( ၁) နဖ်စာနီ ရှယ်ဝသ် စိတ်အလိုလိုက်မှုကြောင့်ဖြစ်သွားသည့် ဂိုနဟ် ပြစ်မှုတိုင်းသည် အလ္လဟ်အသျှင်ချမ်းသာပေးလီမ့်မည်ဟုမှတ်ထား၍ရနိုင်သည်။
(၂) မောက်မာ ပလွှား မန်မာနကြောင့် ကျူးလွန်မိသောပြစ်မှုသည်ကား ချမ်းသာရရန်ခဲယဉ်ပေသည်။

အဘယ်ကြောင့်ဆိုသော အီဗ်လီးစ် ရှိုင်သွန် မိစ္ဆာပြုခဲ့သော ပြစ်မှု၏အရင်းခံသည် တကဗုရ် မာန်မာနကြောင့်ဖြစ်သည်။
ကမ္ဘာဦးဖခင် အာဒမ် တီမ်းချော်ခဲ့သောအမှုသည် စိတ်အလိုလိုက်မှုကြောင့် ဖြစ်ခဲ့ရာ ချမ်းသာရခဲ့၏


(၁၀) ဇာဟီဒ် အပြစ်ရှောင်ကြင်သူတို့ထံမှ အဆို ၂ မျိုး
(၁) အကြင်သူသည် မကောင်းမှုတစ်ခုခုကို ရယ်မောပျော်ရွှင်စွာဖြင့်ပြုကျင့်သည်ရှိအေလ္လဟ်အသျှင်မြတ်က
ယင်းသူအား ငိုကြွေးနေရသူအဖြစ်ဖြင့် အပယ်ငရဲ သို့ချတော်မူလီမ့်မည်။
(၂) အကြင်သူသည်အမိန့်နာခံလျှက်အလ္လဟ်အသျှင်မြတ်အားကြောက်ရွှံငိုကြွေးလှအလ္လဟ်အသျှင်မြတ်က ယင်းသူအားရယ်မောပျော်ရွှင်စွာဖြင့် သုခဘုံသို့ဝင်ရောက်စေတော်မူမည်။


(၁၁) ဟကီးမ် ပညာရှင်များ ထံမှ အဆို ၂ ရပ်မှာ ....(ရစူလွလ္လာ၏မိန့်မှာချက်)
(၁) မည်သည့်သေးငယ်သောမကောင်းမှုကိုမဆို အသေးအဖွဲဟု အထင်မသေးသင့်..အသေးအဖွဲ
ဟုသတ်မှတ်ပြီး အမြဲကျူးလွန်ပါက ကြီးလေးသော ပြစ်မှုဖြစ်သွားပေသည်။
(၂) ကြီးလေးသောပြစ်မှုများကို သောင်ဗဟ် (အမှား) ဝန်ခံမှသာလျှင် ပပျောက်နိုင်၏။

(၁၂) ပုဂ္ဂိုလ်မွန်များ၏ စကား ၂ ရပ်
(၁) အာရီဖ် အလ္လဟ်အသျှင်မြတ်အားကောင်းစွာသိသူတို့၏အလိုဆန္ဒမှာ အသျှင်မြတ်ကိုချီးကျူး
ထောပနာပြုခြင်းဖြစ်လေသည်။
(၂) ဇာဟီးဒ် အပြစ်ရှောင်ကျဉ်သူတို့၏ ဆန္ဒသည်ကား ဒိုအာ ဆုပန်ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အာရီဖ်တို့၏ ပန်းတိုင်သည်ကား အလ္လဟ်အသျှင်ဖြစ်၍ ဇာဟီးဒ်တို့၏ပန်းတိုင်သည်ကား
ကိုယ်ကျိုးအတွက် သက်သက်ဖြစ်လေသည်။


(၁၃) ပညာရှင်ကြီးများ၏ အဆို ၂မျိုး
(၁) အကြင်သူသည်အသျှင်မြတ်ထက်သာပို၍ ချစ်ခင်ထိုက်သူရှိသေးသည်ဟု ယူဆလျှင်
မအ်ရီဖသ် အလ္လဟ်ကိုသိမှု လျှော့်နည်းသွားပေမည်။
(၂) ၄င်းအကြင်သူသည် မိမိ၏ နဖ်စိအမ္မာရဟ် စိတ်ရိုင်းထက်ကြီးမားသောရန်သူရှိသေး
သည်ဟုယူဆလျှင် မိမိစိတ်ကို သိမှုနည်းပါးသေးသူဖြစ်သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More