“လာအေလာဟာ” ဖတ်သူသည် ရှဖွာအတ်ပေးရာတွင်အကျိုးကျေးဇူးရမည့်အကြောင်း

   အဘူဟုရိုင်ရဟ် (ရသွေ့ ) သခင်က ကိုယ်တော်၏ “ရှဖွာအတ်” တောင်းပန်ပေးရာတွင်မည်သူပို၍ အကျိုးထူးရပါမည်နည်းဟု ရစူလွလ္လာဟ်

(ဆွလလ္လာဟု၊ အလိုင်ဟေ့၊ ၀စလ္လမ်) ကိုယ်တော်အား မေးလျှောက်၇ာ ကိုယ်တော်က သင်သည် “ဟဒီးစ်” တော်များ လိုက်စားသည်ကိုထောက်ပြီး ၊

ဤသို့ သောမေးခွန်းကို သင်,သာလျှင်မေးမည်ဟု ငါရစူလ်ထင်သည်ဟုမိန့် ကာ ဆက်လက် မိန့် တော်မူသည်မှာ-ငါရစူလ်၏ ‘ရှဖွာအတ်’ အတွက်

အားလုံးထက် အကျိုးခံစားရမည့်သူ ‘စအာဒတ်’ ကောင်းသူသည် တစ်စိတ်တစ်လက်ဖြင့် ‘လာအေလာဟ၊ အစ်လလ္လာဟ်’ ကို ဖတ်ရွတ်သောသူ

ဖြစ်လေသည် ။

              ‘စအာဒတ်’ သည် လူတို့ အား ကောင်းမြတ်သောဘက်သို့  ပို့ ဆောင်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အသနားတော်မြတ် သက်ရောက်ခြင်းကို

ဆိုလိုပေသည် ။  ‘ကလေမဟ်’ ဖတ်သူကို ‘ရှဖွာအတ်’ ပေးရာ၌ အကျိုးထူးရမည်ဟုဆိုရာ၌ အဓိပ္ပါယ် နှစ်မျိုး ထွက်နေပေသည် ။

              ပထမအချက်မှာ-‘ဟဒီးစ်’ တော်မြတ်၏အလိုမှာ တစ်စိတ်တစ်လက်ဖြင့် မွစ်လင်မ်ဖြစ်ပြီးလျှင် ‘ကလေမဟ်’ တော်ဖတ်ရွတ်ခြင်းမှတစ်ပါး

၎င်းသူထံတွင် အခြားသောကောင်းမှု တစ်စုံတစ်ရာမရှိသူ ၊ ထိုသူသည် မိမိထံတွင် ကောင်းမှုများမရှိသဖြင့် လွတ်မြောက်မှုသည် ‘ရှဖွာအတ်’

ရစူလွလ္လာဟ်
(ဆွလလ္လာဟု၊ အလိုင်ဟေ့၊ ၀စလ္လမ်) ကိုယ်တော်၏ အသနားခံပေးမှု အပေါ်တွင်သာ မူတည်၍နေလေသည် ။

              ဤဟဒီးစ်တော်မြတ်သည် အောက်ပါဟဒီးစ်တော်မြတ်နှင့် ဆင်တူပင် ဖြစ်လေသည် ။

             
ရစူလွလ္လာဟ် (ဆွလလ္လာဟု၊ အလိုင်ဟေ့၊ ၀စလ္လမ်) ကိုယ်တော်က မိန့် တော်မူသည်မှာ- ငါရစူလ်၏ ‘ရှဖွာအတ်’ တောင်းပန်ပေးခြင်းသည်

ငါရစူလ်၏ အွမ္မသ်သားများအနက် ‘ဂိုနဟ်ကဗီရဟ်’ များကို ကျူးလွန်သူများအတွက်ဖြစ်သည် ၊ ထိုသူတို့ သည် မိမိတို့ ၏ကျူးလွန်မှုများကြောင့်

ဂျဟန္နမ် အပါယ်ငရဲသို့  ချခြင်းခံကြရပေမည် ။

             သို့ သော် ကလေမဟ်တော်၏ ‘ဘရ်ကသ်’ ဖြင့်
ရစူလွလ္လာဟ် (ဆွလလ္လာဟု၊ အလိုင်ဟေ့၊ ၀စလ္လမ်) ကိုယ်တော်၏ ‘ရှဖွာအတ်’ သည်

၎င်းသူတို့  ရရှိကြမည်ဖြစ်လေသည် ။

              ဒုတိယအချက်မှာ-တစ်စိတ်တစ်လက်ဖြင့်
‘ကလေမဟ်’ တော်ကို အမြဲမြွက်ဟနေကြသည် ၊ ကောင်းမှု ‘အမလ်’ များလည်း ပြုမူကြသည် ၊

ထိုသူတို့ သည်
ရစူလွလ္လာဟ် (ဆွလလ္လာဟု၊ အလိုင်ဟေ့၊ ၀စလ္လမ်) ကိုယ်တော်၏ တောင်းပန်ပေးမှုကို ပို၍ ရရှိကြပေမည် ။ အဆင့်အတန်းများသည်

ရှိရင်းစွဲထက် ပိုမိုမြင့်မားလာကြပေမည် ။

              အလ္လာဟ်မဟ်အိုင်နီ (ရဟ်မသွလ္လာဟ်) သခင်ကရေးသည်မှာ-
ရစူလွလ္လာဟ် (ဆွလလ္လာဟု၊ အလိုင်ဟေ့၊ ၀စလ္လမ်) ကိုယ်တော်သည်

‘ကေယာမသ်’ ကမ္ဘာ့တရားခွင်နေ့ တွင် (၆) မျိုးသော
‘ရှဖွာအတ်’ တောင်းပန်ပေးခြင်း ပြုတော်မူပေမည် ။

             ၁ ။ ‘ဟရှရ်’ ကွင်းပြင်၏ဒုက္ခများမှ ကင်းဝေးအောင် ပြုပေးတော်မူမည် ၊ ဟရှရ်ကွင်းပြင်၌ လူသားတို့ သည် အမျိုးမျိုးအဖုံဖုံသော
ဒုက္ခသုက္ခများနှင့် ရင်ဆိုင်နေကြရကာ စိတ်အတိဒုက္ခရောက်နေကြပေမည် ။ ဤပြင်းထန်သောဒုက္ခများကြောင့် ကျွန်တော်များကို ဂျဟန္နမ်အပါယ်

ငရဲသို့ ပင် ချတော်မူပါဟူ၍ ပြောဆိုနေကြမည်ဖြစ်ပေသည် ။

              ထိုအချိန်၌ လူတို့ သည် ကြီးကျယ်သော နဗီ-ရစူလ် သခင်များထံသွားရောက်၍ ကျွန်တော်များအတွက် ‘ရှဖွာအတ်’ ပြုပေးပါဟု
တောင်းဆိုကြမည်ဖြစ်လေသည် ၊ သို့ သော်လည်း မည်သည့် နဗီ-ရစူလ်ကမှ ‘ရှဖွာအတ်’ ပြုမပေးနိုင်ကြောင်း ငြင်းဆိုကြမည်ဖြစ်လေသည် ၊နောက်ဆုံး
ရစူလွလ္လာဟ် (ဆွလလ္လာဟု၊ အလိုင်ဟေ့၊ ၀စလ္လမ်) ကိုယ်တော်က ‘ရှဖွာအတ်’ ပြုတော်မူပေမည် ၊ဤရှဖွာအတ်သည် လောကသားအားလုံး လူသားများ

ဂျင်န်များ ၊ မွစ်လင်မ် ၊ ကာဖေရ်,မခြား အားလုံးအတွက်ဖြစ်လေသည် ။ အားလုံးသည် ထိုရှဖွာအတ်ဖြင့် ဒုက္ခများမှ လွတ်ကင်းကြပေမည် ။

(ဤအကြောင်းသည် ‘ကေယာမသ်’ နှင့် သက်ဆိုင်သော ‘ဟဒီးစ်’ ကျမ်းများတွင် အကျယ်တ၀င့် ပါရှိသည် ။ ) ဤရှဖွာအတ်သည် ဂျဟန္နမ်သို့ 
မကျရန်မဟုတ် ၊ ‘ဟရှရ်’ ကွင်းပြင်၏ဒုက္ခများမှ လွတ်ကင်းရန်အတွက်ပင်ဖြစ်သည် ။

             ၂ ။ ဒုတိယအချက်မှာ-အချို့ သောကာဖွေရ်များအား အဇာဗ်ပေါ့လျော့စေရန် တောင်းဆိုပေးမည်ဖြစ်လေသည် ၊ ‘အဘူတွာလစ်ဗ်’
အကြောင်းနှင့်ပက်သက်၍ ‘ဟဒီးစ်’ တော်မြတ်တွင် လာရှိထားပေသည် ။

             ၃ ။ တတိယရှဖွာအတ်သည်
ဂျဟန္နမ်အပါယ်ငရဲဘုံတွင်ကျရောက်နေသော မွစ်လင်မ်များကို လွတ်ငြိမ်းချမ်းသာခွင့်ရရန်
တောင်းဆိုပေးမည်ဖြစ်လေသည် ။

             ၄ ။ စတုတ္တရှဖွာအတ်သည် အချို့ သော ‘မုအ်မင်န်’ များသည် ဂိုနာဟ်ကျူးလွန်မှုရှိသောကြောင့် ဂျဟန္နမ်သို့ ကျရန်ဖြစ်နေရာ ၊ ၄င်းတို့ ကို

ဂျဟန္နမ်သို့ မကျအောင် တောင်းဆိုပေးမည်ဖြစ်လေသည် ။

             ၅ ။ ပဉ္စမ
ရှဖွာအတ်သည် အချို့ သော ‘မုအ်မင်န်’ များကို အကောင်း-အဆိုးစာရင်းစစ်ဆေးခြင်းမပြုဘဲ ‘ဂျန္နသ်’ ဥယျာဉ်ဘုံနန်းသို့ 

ပို့ ဆောင်ပေးရန် တောင်းဆိုပေးမည်ဖြစ်လေသည် ။

             ၆ ။ ဆဌမရှဖွာအတ်သည် ‘မုအ်မင်န်’ တို့ ၏ အဆင့်အတန်းတိုးမြှင့်ပေးရန် တောင်းဆိုပေးမည်ဖြစ်လေသည် ။



*မှတ်ချက်*-ဖဇာအေ့လေ့သစ်က်ရ်ကျမ်း(ဒုတိယပိုင်း) မှကူးယူဖေါ်ပြခြင်းဖြစ်သည် ။
         (ဒိုအာလိုလားသူ)
           A.Rahman

Twitter Delicious Facebook Digg Stumbleupon Favorites More