မြန်မာမွတ်စ္စလင်မ်များလက်ဖြင့်..ချို့တဲ့နွမ်းပါသူများကိုကူညီကြပါစို့.

လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသော သူတို့အား လူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။ တမန်တော်မြတ်သည် အစ္စလာမ် အယူဝါဒကို မိမိကိုယ်တိုင်ကျင့်သုံး ပြသတော်မူခဲ့သည်သာမက စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း တိရစ္ဆာန်တမျှ ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။ လူ့ဘဝတွင် လူရိုင်း တို့အားယဉ်ပါးစေတော်မူခဲ့သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။

Burmese Islam Tha Ya Part 2

Burmese Islam Tha Ya Part 1

မတ်တတ် ၇ပ်၍ အပေါ့စွန့်ခြင်းကို တားမြစ်ခြင်းနှင့် ခေတ်သိပ္ပံ

တမန်တောမြတ်(ص)ကမတ်တတ်ရပ်၊အပေါ့စ္စန့်ခြင်းမှတားမြစ်ထားသည်။
                                                                                         (အွဇ်ဝါအေရစူလေအက်၇ဖ်ကျမ်း)
အစ္စလာမ်က ထိုင်အပေါ့လေးစ္စန့်ရန် ညွန်ကြားထားသည်။  မတ်တတ်ရပ်၊အပေါ့စ္စန့်ခြင်းဖြင့် ၇ုပ်ပိုင်းဆုံးရှံးမူများရှိသည်။
အဘယ်ကြောင့်ဆိုသော်
(က) ကျင်ငယ်တွင် ရောဂါပိုးများရှိသည်။
                 မတ်တတ်ရပ်၊ကျင်ငယ်စ္စန့်ခြင်းဖြင့် အစက်အပေါက်ကလေးများသည် ခန္စာကိုယ်နှင့် ၀တ်ဆင်ထားသော အ၀တ်အထည်ကို ပေကျံစေသည်သာမက ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေသည်။
(ခ) မတ်တတ်ရပ်၊ကျင်ငယ်စ္စန့်ခြင်းဖြင့် Prostatit'sဆီးကြိတ်ရောင်ခြင်း၊ဆီးကျဉ်ခြင်း စသည်ရောဂါများဖြစ်ပွားတတ်သည်။
                                                                                               စွန္နသ်တော နှင့် ခေတ်သိပံ
                                                                                             

ကျမ်မြက်ကု၇်အာန်တွင် ဗျည်းစာလုံးများ၏ အေ၇အတွက်

ကျမ်မြက်ကု၇်အာန်တွင် ဗျည်းစာလုံးများ၏ အေ၇အတွက်ကို အေမာမ်နစ်ဖီသခင်က မိမိစာအုပ် မဂ်ျမူအွလ်အိုလူမ်း နှင့် မတွလအွလ် နို့ဂျုးမ် ကျမ်းစာအုပ် တွင် ဗျည်းစာလုံးများကို အစအဉ်လိုက် သီးခြားရျင်းလင်းဖေါပြထားသည်။
၎င်းတို့မျာ အောက်ပါ အတိုင်းဖြစ်သည်။

အလစ်ဖ်        အေ၇အတွက်ပေါင်း-၄၈၇၂၀
ဗေ                        ။               -၁၁၄၂၀
သေ                       ။               -၁၄၄၀၀
ဆေ                       ။               -၁၀၄၈၀
ဂျီမ်                        ။                -၃၃၂၆
ဟေ                       ။                -၄၁၃၈
ခေ                         ။                -၂၅၀၃
ဒါလ်                       ။                 -၅၉၉၈
ဇာလ်                      ။                  -၄၉၃၄
၇ွာ                          ။                  -၂၂၀၆
ဇာ                          ။                  -၁၆၈၀
ဆီမ်                        ။                  -၅၇၉၉
ရှီမ်း                         ။                  -၂၁၁၅
ဆွာဒ်                       ။                  -၂၇၈၀
ဒွာဒ်                         ။                  -၁၈၈၂
တွာ                         ။                  -၁၂၀၄
ဇွာ                           ။                 -၈၄၂
အိုင်                         ။                  -၉၄၇၀
ဂိုင်                          ။                  -၁၂၂၉
ဖေ                          ။                   -၉၈၁၃
ကေါဖ်                      ။                   -၈၀၉၉
ကာဖ်                       ။                   -၈၀၂၂
လာမ်                       ။                   -၃၃၉၂၂
မိမ်                          ။                   -၂၈၉၂၂
နူန်                          ။                   -၇၀၀၀၀
ဟေ(သေး)                ။                   -၂၆၉၂၅
လာ                         ။                   -၁၄၇၀၇
ယေ                        ။                   -၂၅၇၁၇

(အလ်ဖသောက်ဟာသေအလ်လေဟယာ၊တွဲ-၁၊စာ-၅)

သရာဝီဟ်နမာဇ်ဝတ်ပြုခြင်း၏အကျိုးကျေးဇူး

ဟဇ်ရသ် အလီ (ရသွေ့) ဆင့်ပြန်သည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် မဟာတမန်တော်မြတ် (ဆွ) ထံ ရမ်ဇာန်လမြတ်၌ သရာဝီဟ်နမာဇ်ဝတ်ပြုခြင်း၏အကျိုးကျေးဇူးနှင့်ပတ်သက်၍ လာရောက်မေးမြန်းမှုကို မိန့်ကြားတော်မူသည်မှာ…. ‘အကြင်သူသည် လမြတ်ရမ်ဇာန်၌ သရာဝီဟ်နမာဇ်ဝတ်ပြုပါက မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသော ကလေးပမာ အပြစ်ဂုနဟ်အပေါင်းမှ ကင်းစင်သွားမည်။


၁။ တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသကဲ့သို့ အပြစ် (ဂုနဟ်) အပေါင်းမှကင်းစင်တော်မူလိမ့်မည်
၂။ နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်းနှင့်တကွမိဘနှစ်ပါးလုံး (အီမာန်ရှင်) ဖြစ်ပါက အပြစ် (ဂုနဟ်) အပေါင်းမှ ချမ်းသာလွတ်ငြိမ်းခွင့်ရရှိလိမ့်မည်။
၃။ သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ (အရ်ရှ်) ပလ္လင်တော်အောက်မှ ကောင်းကင်တမန်တစ်ပါး ကြွေးကြော်မည်မှာ “အို-အီမာန်ရှင် သင်ရဲ့ (အအ်မာလ်)ကို အလ္လာဟ်အရှင်မြတ်အတွက်သာပြုကျင့်ပါမူ သင်၏ယခင်
မကောင်းမှုများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူလိမ့်မည်။
၎။ လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကောင်းကင်ကျကျမ်းကြီးများဖြစ်သော (၁) သောင်ရားသ်ကျမ်း (၂) အင်န်ဂျီလ်ကျမ်း (၃) ဇဗူရ်ကျမ်း (၄) ကျမ်းတော်မြတ်ကုရ်အာန်ကျမ်းများကို သိလာဝသ်ပြုသကဲ့သို့ အကျိုးကျေးဇူးတော်များ ရရှိပေမည်။
၅။ ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မတ်စ်ဂျိဒေဟရာမ် နှင့် မတ်စ်ဂျိဒေအက္ကဆွာဗလီဝတ်ကျောင်းတော်ကြီးများ၌ နမာဇ်ဝတ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၆။ ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဗိုင်သွလ်မအ်မူးရ်ကျောင်းတော်ကြီးကို သ၀ါးဖ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၇။ ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် တမန်တော်မူစာ (အလိုင်း) နှင့် ဖိရ်အောင်န်၊ ဟာမန်တို့ စစ်ဖြစ်ပွားချိန် တမန်တော်မူစာ (အလိုင်း)၏ ဘက်မှ ပါဝင်ကူညီသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၈။ ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်က တမန်တော် အိဗ်ရာဟီးမ် ခလီလွလ္လာဟ်အား ချီးမြှင့်မှုမျိုးကို ချီးမြှင့်ခြင်းခံရပေမည်။
၉။ ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိုယ်တော်မြတ် (ဆွ)သခင်၏ သက်တမ်းတော်နှင့်အညီအမျှ ကုသိုလ်အကျိုးစ၀ါးဗ်များ ချီးမြှင့်ခြင်းခံရပေမည်။
၁၀။ ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် လောကတစ်ခွင်လုံးထက် သာပို၍ကောင်းမြတ်သောအရာကို ချီးမြှင့်ခြင်းခံရပေမည်။
၁၁။ ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် စစ်မှန်သောမုအ်မင်န်ဖြစ်ပါက လောကမှ အီမာန်နှင့်တကွ
ခေါ်ယူသော အဆင့်အတန်းမျိုးရရှိပေမည်။
၁၂။ ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင် ၎င်းသူ၏မျက်နှာမှာ လပြည့်ဝန်းပမာ လင်းဝင်းတောက်ပသော အဆင့်အတန်းမျိုးရရှိပေမည်။
၁၃။ ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင် မကောင်းမှုအပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရပေမည်။
၁၄။ ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့ ၌ ထိုသူအား ၎င်းသရာဝီဟ်နမာဇ်ကပင် သက်သေခံတော်မူပေမည်။ ထို့ကြောင့် ၎င်းသူအား စစ်ဆေးမေးမြန်းခြင်းမရှိ ဂျန္နတ်သုခဘုံသို့ ၀င်ရောက်ရပေမည်။
၁၅။ ဆယ့်ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်ကို ထမ်းထားသော ဖရိရှ်သဟ်များသည် ၎င်းသူအတွက် အရှင်မြတ်ထံတော်ပါး၌ ရဟ်မသ်တော်များ တောင်းခံပေးသနားတော်မူပေမည်။
၁၆။ ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျဟန္နမ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ဂျန္နတ်သုခဘုံအတွင်းသို့ ၀င်ရောက်စေတော်မူပေမည်။
၁၇။ ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အမ်ဗေရာ (အလိုင်း)များ၏ အဆင့်အတန်းမျိုးရရှိပေမည်။
၁၈။ ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် သင်နှင့် သင်၏မိဘနှစ်ပါးစလုံးကို အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူပေမည်။
၁၉။ ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်တွင် ၎င်းရရှိသောအဆင့်အတန်းထက်သာပို၍ တိုးမြှင့်ပေးခြင်းခံရပေမည်။
၂၀။ နှစ်ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် “ရှဟီဒီ” သာသနာ့သူရဲကောင်း “ဆွာလေဟီးန်” သူမွန်သူမြတ်များကဲ့သို့ ကုသိုလ်ချီးမြှင့်ခြင်းခံရပေမည်
၂၁။ နှစ်ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတွင် ၎င်းသူအတွက် “နူရ်” အလင်းရောင်ဖြင့်ပြုလုပ်ထားသော ဂေဟာတစ်ခု ချီးမြှင့်ခြင်းခံရပေမည်။
၂၂။ နှစ်ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်ကမ္ဘာ့တစ်ရားခွင်နေ့တွင် ၎င်းအား သောကအပေါင်း စိုးရိမ်မှုအပေါင်းမှ ကင်းဝေးစေတော်မူပေမည်။
၂၃။ နှစ်ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတော်အတွင်း မြို့ကြီးတစ်မြို့ ချီးမြှင့်ခြင်းခံရပေမည်။
၂၄။ နှစ်ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် (၂၄)မျိုးသော တောင်းဆုများကို ကဗူလ်ပြု လက်ခံတော်မူပေမည်။
၂၅။ နှစ်ဆယ့်ငါ်းရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် “ကဗရ်” အဇားဗ်ပြစ်ဒဏ်အပေါင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းခံရပေမည်။
၂၆။ နှစ်ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်း၏သက်တမ်းအပြင် နှစ်ပေါင်းလေးဆယ်သာပို ၍ အကျိုးစ၀ါးဗ် ချီးမြှင့်ခြင်းခံရပေမည်။
၂၇။ နှစ်ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူအား “ပွလ်ဆွေရားသ်” တံတားပေါ်မှ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း ဖြတ်သန်းခွင့်ပြုခြင်းခံရပေမည်။
၂၈။ နှစ်ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်ဥယျာဉ်တော်တွင် ထပ်ဆင့်တိုးမြှင့်တော်မူခြင်းခံရပေမည်။
၂၉။ နှစ်ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ် ကဗူလ်ပြုလက်ခံတော်မူသော ဟဂ်ျအကြိမ်ထောင်ပေါင်းများစွာပြုသကဲ့သို့ အကျိုးကျေးဇူးတော်များရရှိပေမည်
၃၀။ သုံးဆယ်ရက်ညမြောက်၌ သရာဝီဟ်နမာဇ်မပျက်မကွက်ဝတ်ပြုသူအား အရှင်မြတ်မိန့်တော်မူမည်မှာ “အို-ငါအရှင့်ဗန္ဒဟ်၊ သင် ဂျန္နတ်သုခဘုံအတွင်းမှ မည်သည့်သစ်သီးဝလံမျိုးကိုမဆို စားသုံးလော့၊ စလ်စဗီးလ်ရေဖြင့် ရေချိုးလော့၊ ကောင်စရ်ရေကို သောက်သုံးလော့၊ သင်၏အရှင်သခင်သည် ငါအရှင်မြတ်သာလျှင်ဖြစ်တော်မူသည်။ သင်သည် ငါ၏ဗန္ဒဟ်ကျေးကျွန်ဖြစ်သည်။

မုစ်လင်မ်အပေါင်းတို့အတွက် အလွန်အရေးကြီးပါသည်။ လမြတ်ရမ်ဇာန်မှာ (သရာဝီဟ်) နမားဇ်ကို စွဲမြဲစွာဖတ်ကြပါ။ ဘယ်သောအခါမှ ပျင်းရိ၍ မစွန့်လွှတ်သင့်ပေ။ မကောင်းမှုလုပ်ရပ်များကို စွန့်လွှတ်ပြီး အရှင်မြတ် နှစ်သက်တော်မူသောအရာများကို ပြုလုပ်ဆောက်တည်နိုင်စွမ်းပေးသနားတော်မူပါစေ။

ဤစာကို ၀င်ရောက်ဖတ်ရှုသောသူအားလုံးသရာဝီဟ်နမာဇ်ကိုအပြည့်အ၀၀တ်ပြုနိုင်စွမ်းပေးသနားတော်မူပါစေ။ ( အာမီန်း )

ဟဒီးစ်တော် (၄၀) ၏ထွတ်မြတ်မှု

သြ၀ါဒတော်တစ်၇ပ်၌တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ….

အကြင်မည်သူမဆို “ငါကိုယ်တော်မြတ်” ၏ အွမ္မသ်များအကျိုးဖြစ်ထွန်း၇န် အလို့ငှာဟဒီးစ်သြ၀ါဒတော်လေးဆယ်ကိုအာဂုံဆောင်ကျက်မှတ်ထိန်းသိမ်းခဲ့ပါကအလ္လာဟ်အ၇ှင်မြတ်သည်ထိုသူ့အားကြီးကျယ်သော အာလင်မ်သာသနာ့ပညာ၇ှင်ကြီးအဖြစ်“ကိယာမသ်”နေ့၌၇ှင်ပြန်ထစေမည်။ထို့ပြင်တမန်တော်မြတ်(ဆွ)၏ကြားဝင်အသနားခံပေးမှုကိုလည်း၇၇ှိမည်ဖြစ်၏။ထို့နောက်၎င်းသူနှင့်စပ်လျဉ်း၍အီမာန်သက်ဝင်ယုံကြည်သူ ဖြစ်ကြောင်းတမန်တော်မြတ်(ဆွ)ကိုယ်တော်တိုင်သက်သေခံပေးသူဖြစ်မည်ဟူ၍ လာ၇ှိ၏။
                အခြားဟဒီးစ်တော်တစ်၇ပ်၌လာ၇ှိသည်မှာမည်သူမဆိုငါကိုယ်တော့အွမ္မသ်၏ အကျိုးငှာ သာသနာေ၇းဆိုင်၇ာ သြ၀ါဒတော်လေးဆယ်ကို ဖတ်ပြခဲ့သော် သို့မဟုတ် သိစေခဲ့သော် သို့မဟုတ် အာဂုံဆောင်၍ လူတို့အား ကြားသိစေခဲ့သော် သို့တည်းမဟုတ်ေ၇းသား၍ ဖြန့်ချိခဲ့သော် အလ္လာဟ်အ၇ှင်မြတ်သည် ထို့သူ့အား “ကိယာမသ်” နေ့တွင် အိုလမာ သာသနာ့ပညာ၇ှင်များနှင့် အ၇ှင့်လမ်းတော်၌ “၇ှဟီးဒ်”ဖြစ်ခဲ့သော အုပ်စုနှင့်အတူ ၇ှင်ပြန်ထစေတော်မူ၍ “သင်အလို၇ှိသော တံခါးပေါက်မှ ဂျန္နသ်သုခဘုံသို့ဝင်လော့”ဟု မိန့်မြွက်တော်မူခြင်းခံ၇မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့၏။
                
ဟဒီးဆ်တော် (၄၀)
၁။ ပြုမူဆောင်၇ွက်ချက်ဟူသမျှတို့သည် ၇ည်စူးချက်အပေါ်၌သာ မူတည်သည်။
၂။ (သာသနာ့)ပညာ ၇ှာဖွေ ဆည်းပူးခြင်းသည် မွစ်လင်မ်တိုင်းအပေါ် ဖွ၇ဇ်(မသင်မနေ၇) တာဝန်ဖြစ်သည်။
၃။ အလ္လာဟ်အ၇ှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းစားစေလိုလျှင် ထိုသူ့အား သာသာေ၇းအသိဥာဏ်ကို ချီးမြှင့်တော်မူသည်။
၎။ သင်တို့အနက် အမွန်မြတ်ဆုံးသော သူမှာ ကျမ်းမြတ်ကု၇်အာန်ကို သင်ယူဆည်းပူးပြီး တဖန် (အခြားသူများကိုလည်း) သင်ကြားပို့ချပေးသော သူပင်ဖြစ်သည်။
၅။ မည်သည့် အခြေအနေမျိုး၌ မဆို ကု၇်အာန်ကျမ်းတော်မြတ် ၇ွတ်ဖတ်ခြင်းကို မစွန့်လွှတ်လေနှင့်။
၆။ သန့်၇ှင်းစင်ကြယ်မှုသည် အီမာန်၏ ထက်ဝက်ဖြစ်သည်။
၇။ အကြင်မည်သူမဆို “လားအိလားဟအိလ်လလ်လား” ကို ၇ွတ်ဆို (ယုံကြည်) ခဲ့လျှင်”ဂျန္နသ်” သုခဘုံသို့ ၀င်ေ၇ာက်၇မည်။
၈။ “ဆွလာသ်’ ၀တ်ပြုမှုသည် အစ္စလာမ်သာသနာတော်၏အုတ်မြစ်ဖြစ်သည်။ ထှို “ဆွလာသ်” ကို စွန့်လွှတ်သူသည် သာသနာတော်ကို ဖျက်၇ာမည်၏။
၉။ “ဆောင်မ်” ဥပုသ် ဆောက်တည်ခြင်းသည် ဂျဟန္နမ်မီး မှ ကာကွယ်သော ဒိုင်း (တစ်လက်) ဖြစ်သည်။
၁၀။ “ဇကားသ်” ပေးဆောင်ခြင်းဖြင့် မိမိ၏ဥစ္စာပစ္စည်းကို ပျက်ဆီးခြင်းမှ ကာကွယ်ကြလေကုန်။
၁၁။ “ဟဂ်ျ” ပြုခြင်းသည် ယခင်ကျူးလွန်ခဲ့သော အပြစ် ဂိုနဟ်များအား ဖြိုဖျက်လိုက်သည်။
၁၂။ ဂျန္နသ်သုခဘုံသည် သင့်မိဘနှစ်ပါး၏ ခြေဖ၀ါးအောက် (အမိန့်နာခံမှု) တွင် ၇ှိသည်။
၁၃။ လူတို့အပေါ် သနားကြင်နာမှုမ၇ှိသူအား အလ္လာဟ် အ၇ှင်မြတ်သည်လည်း က၇ုဏာ တ၇ားထား၇ှိမည်မဟုတ်။
၁၄။ “မွစ်လင်မ်” တစ်ဦးသည် အခြား”မွစ်လင်မ်” တစ်ဦး၏ ညီ၇င်း အစ်ကို ဖြစ်၏။
၁၅။ မွစ်လင်မ် တစ်ဦးအပေါ် အခြားမွစ်လင်မ်တစ်ဦး၏ ၀တ္တ၇ား (၅) ၇ပ် ၇ှိသည်။(၁) စလာမ်တုန့်ပြန်ခြင်း။ (၂)ေ၇ာဂါသည်အား သတင်းမေးခြင်း။ (၃) ဂျနာဇဟ်အား လိုက်ပါပို့ဆောင်ခြင်း။ (၄) တစ်ဦးတစ်ယောက်၏ ဖိတ်ခေါ်မှုကို လက်ခံခြင်း။ (၅) နာချေသူအား (ယ၇်ဟမုကလ်လာဟ်) ဆိုလျှက် အဖြေပေးခြင်း။
၁၆။ မိမိလက်ဖြင့်လည်းကောင်း၊ နှုတ်လျှာဖြင့်လည်းကောင်း၊ သူတစ်ပါးအား ဒုက္ခ မပေးသော သူသည် ပြည့်ဝသော မွစ်လင်မ်ဖြစ်၏။
၁၇။ မုအ်မင်န် တစ်ဦးသည် အခြားမုအ်မင်န်တစ်ဦးနှင့် သုံး၇က်ထက်ကျော်လွန်၍ အဆက်ဖြတ်ခြင်း မပိုင်ပေ။
၁၈။ မွစ်လင်မ် တစ်ဦး၏ အပြစ်တစ်စုံတစ်၇ာကို ဖုံးအုပ်ပါက အလ္လာဟ် အ၇ှင်မြတ်သည် ကိယာမတ် ကမ္ဘာ့တစ်၇ားခွင်နေ့၌ ၎င်း၏ အပြစ်များကို ဖုံးအုပ်ပေးမည်ဖြစ်သည်။
၁၉။ ကုန်းချောကုန်းတိုက် ပြုသူသည် ဂျန္နသ် သုခဘုံသို့ ၀င်ေ၇ာက်၇မည်မဟုတ်။
၂၀။ ဆွေမျိုးများနှင့် အဆက်ဖြတ်သူသည် ဂျန္နသ် သုခဘုံသို့ ၀င်ေ၇ာက်၇မည်မဟုတ်။
၂၁။ လိမ်လည်လှည့်ဖြား၍ စီးပွား၇ှာဖွေသူသည် ငါတမန်တော်မြတ်၏ နောက်လိုက်များမှ မဟုတ်ပေ။
၂၂။ ကဗ၇် သင်္ချိုင်းများကို စဂ်ျဒဟ် ဦးချ၇ာဌါနများ မပြုလုပ်ကြနှင့်။
၂၃။ အ၇က်သေစာသည် မကောင်းမှုဒုစ၇ိုက်အပေါင်းတို့၏ အ၇င်းအမြစ်ဖြစ်သည်။
၂၄။ သာသနာေ၇း၌ အထောက်အထားမ၇ှိဘဲ တ၇ားသစ်တီထွင်မှုဟူသေ၇ွ့သည် လမ်းမှားသာဖြစ်ပေသည်။
၂၅။ မိမိကြားသိသမျှကို မစူးစမ်းဘဲ အခြားသာအားပြန်လည် ဖောက်သည်ချပြောဆိုသူသည် လူလိမ်ဖြစ်၇န် လုံလောက်သည်။
၂၆။ မည်သူမဆို ကောင်းမှုပြုလုပ်၇န် ညွှန်ပြခဲ့သော် ထိုသူသည် ယင်းကောင်းမှုကို ပြုလုပ်သူနှင့် အညီအမျှ အကျိုးစ၀ါးဗ် ၇၇ှိပေမည်။
၂၇။ ကိုယ်ကျင့်တ၇ားအကောင်းဆုံးသောသူသည် ပြည့်ဝဆုံးသော အီမာန်၇ှင်ဖြစ်သည်။
၂၈။နူးညံ့သိမ်မွေ့ခြင်းကို လက်လွတ်ဆုံး၇ှုံးသူသည် ကောင်းခြင်းမင်္ဂလာဟူသမျှကို လက်လွတ်ဆုံးရှုံးသူပင်ဖြစ်သည်။
၂၉။ ခွေးနှင့် သက်၇ှိ၇ုပ်ပုံ၇ှိသော အိမ်တွင်းသို့ ၇ဟ်မသ်၏ဖ၇စ်၇ှ်သဟ် ကောင်းကင်တမန်များ ၀င်ေ၇ာက်မည်မဟုတ်။
၃၀။ အလ္လာဟ် အ၇ှင်မြတ်အနှစ်သက်ဆုံးသော အမလ် ကျင့်စဉ်သည် နည်းလင့်ကစားစွဲစွဲမြဲမြဲပြုသော အမလ် ကျင့်စဉ်ဖြစ်၏။
၃၁။ အလ္လာဟ်အ၇ှင်မြတ်ထံတော်၌ ဆုမွန်ဒိုအာပြုခြင်းထက် ပိုမိုနှစ်သက်ဖွယ်၇ာဟူ၍မ၇ှိ။
၃၂။ အိမ်နီးချင်းများအား အမြဲတစေ စိုး၇ိမ်ကြောင့်ကြအောင် ပြုသောသူသည် ဂျန္နသ် သုခဘုံသို့ ၀င်ေ၇ာက်၇မည် မဟုတ်ပေ။
၃၃။အသင်တို့အချင်းချင်း ဆက်မဖြတ်ကြလေနှင့်၊ တစ်ဦးကိုတစ်ဦး ဒုက္ခမပေးကြလေနှင့်၊ အချင်းချင်း ၇န်ငြိုးမထားကြလေနှင့်၊ အချင်းချင်းမနာလို ၀န်တိုစိတ်မထားကြလေနှင့်၊ အို…..အလ္လာဟ်အ၇ှင်မြတ်၏ကျေးကျွန်တို့ အသင်တို့အားလုံး ညီ၇င်းအစ်ကိုသဖွယ် နေထိုင်ကြကုန်။
၃၄။အလ္လာဟ် အ၇ှင်မြတ်အမုန်းဆုံးသော သူမှာ အမြဲ၇န်လိုနေသူပင်ဖြစ်သည်။
၃၅။ လူတို့အား နှဘမ်းလုံး၍ လှဲချနိုင်သူသည် သူ၇ဲကောင်းအစစ် အမှန်မဟုတ်။ သူ၇ဲကောင်းအစစ်အမှန်သည် ဒေါသထွက်ချိန်၌ မိမိဒေါသကို ချုပ်တီးနိုင်သူဖြစ်၏။
၃၆။ အကြင်အမျိုးသားသည် လုံချည်၊ ဘောင်းဘီကို ခြေမျက်စိဖုံးအောင် ၀တ်ခဲ့သော် ဂျဟန္နမ် င၇ဲဘုံသို့ ကျလိမ့်မည်။
၃၇။ ဤလောကတွင် ဂုဏ်ဖေါ်ဝင့်ကြွား၇န်အတွက် အ၀တ်အစားဝတ်ဆင်သောသူအား ကေယာမသ်နေ့တွင်အလ္လာဟ်အ၇ှင်မြတ်သည်ဂုဏ်အသား၇ည်မဲ့စေသော အ၀တ်အစားကို ၀တ်ဆင်စေတော်မူမည်။
၃၈။ငါ၏အွမ္မသ်တွင်ပျက်စီး၇ာပျက်စီးကြောင်းဖြစ်ပေါ်လာသောအခါမျိုးတွင်ငါ၏စွန္နသ်တော်ကိုခိုင်မြဲစွာ ကိုင်ထား၍ လိုက်နာကျင့်သုံးသူသည် ရှဟီးဒ် ပေါင်းးတစ်၇ာ၏ အကျိုးစ၀ါးဗ်ချီးမြှင့်ခြင်းခံ၇မည်။
၃၉။ ကလိမာဟ် နှစ်ခုသည် နှုတ်လျှာပေါ်၌ပေါ့ပါး၏။ မီဇားန် ချိန်ခွင်၌ အချိန်စီး၏။ မဟာက၇ုဏာတော်၇ှင်ထံ၌ အလွန်နှစ်သက်ဖွယ်၇ာဖြစ်၏။ ယင်းကလိမာဟ် နှစ်ခုမှာ “စွဗ်ဟာနလ္လာဟ်းဟိ ၀ဗိဟမ်ဒိဟီး၊ စွဗ်ဟာနလ္လားဟိဟ် အဇွိမ်း” ဖြစ်ပေသတည်း။
၄၀။ မည်သူမဆို ငါကိုယ်တော်မြတ်အပေါ် ဒ၇ူးဒ် တစ်ကြိမ်ပို့သပါက အလ္လာဟ်အ၇ှင်မြတ်သည် ထိုသူ့အပေါ် ၇ဟ်မသ်ကောင်းချီး မင်္ဂလာဆယ်ကြိမ် ပို့သ တော်မူပေမည်။

ဆင်း၇ဲကျပ်တည်းခြင်း ကို ဖြစ်စေသော အချက်များ



ဟဒီးစ်တော်တစ်၇ပ်-ွင်လာ၇ှိသည်မှာအလ- (၇သွေ့)သခင်နှင့်စ-်မာန်ဖာ၇်စီ(၇သွေ- )သခင်နှစ်ပါးကဆင့်- ပြန်ခဲ့သည်။တမန်ေ-ာ်မြတ်(ဆွ)မိန့်တေ-်မူသည်မှာအောက်ပါ- ချက်များကိုပြုမူ- ခြင်းဖြင့်ဆင်း၇ဲ-ွဲတေခြင်းကိုဖြစ်- ပ်ါစေပါသည်။
(၁)ဆွလာသ်ဖတ်၇န်ပျင-်း၇ိခြင်း(သို့)လက်- လွတ်ခြင်း (၂)ဖဂျ၇်ဆွလာသ်ဝတ်မ- ပြုသောအမျိုးသား/အ-ျိုးသမီး
(၃)ဖဂျ၇်ဆွလာသ်ဝတ်မ- ပြုဘဲစီးပွားေ၇း၊- ဈး၊လုပ်ငန်းဆောင- တာသို့သွားခြင်း (၄)အကြောင်းမဲ့ဝတ်ြ- ပုပြီးပြီးခြင်းဗ-ီဝတ်ကျောင်းတော်မ- ထွက်ခွါခြင်း
(၅)စဂ်ျဒါဟ်သေလာဝသ်- ကိုအချိန်မီမပြုဘ- ကြန့်ကြာစေခြင်း
(၆)၀ိုဇူပြု၇ာတွင်ေ- လာကီစကားပြောခြငး-
(၇)၀ိုဇူမ၇ှိဘဲကု၇်- အာန်ကျမ်းမြတ်ကို-ိုင်တွယ်ခြင်း
(၈)ကျသွားသောအစားအစ-ာကိုပြန်လည်ကောက်-ူမစားခြင်း
(၉)စားသုံး၍ပန်းကန်- ကိုမဆေးဘဲထားခြဲ့- င်း
(၁၀)လက်နှင့်ပါးစပ်- ကိုတံခါးဝတွင်ထို-်၍ဆေးကြောခြင်း
(၁၁)လက်နှင့်ပါးစပ်- ကိုမိမိအင်္ကျီအနား- နှင့်သုတ်ခြင်း
(၁၂)လက်မဆေးဘဲစားသေ-ာက်ခြင်း
(၁၃)စားသောက်ပြီးနေ-ာက်၇၇တုတ်ဖြင့်သွ-းကြားထိုးခြင်း
(၁၄)ေ၇ချိုး၇န်တာဝန-်ထိုက်သူသည်ေ၇မချ-ုးဘဲအစားအစာစားသံ-းခြင်း
(၁၅)ပုပ်သိုးနေသောအ- စားအစာများကိုစား-ုံးခြင်း
(၁၆)သူတောင်းစားမျာ-းထံမှစားသောက်ဖွယ- ၇ာများဝယ်ယူခြင်း

လူသားအားဖန်ဆင်းခြင်း (၀ါ) အဆင့်ဆင့်ပြုစုပျိုးထောင်ခြင်း

လူသားအားဖန်ဆင်းခြင်း (၀ါ) အဆင့်ဆင့်ပြုစုပျိုးထောင်ခြင်း
ကျမ်းမြတ်ကုရ်အာန်ရှိ လူသားများ မျိုးပွားခြင်းနှင့် ပတ်သက်သော အကြောင်းအရာတွင် များပြားလှစွာသော ဖွင့်ဆိုရှင်းလင်းချက်များက သန္ဓေသားလေ့လာသော သိပ္ပံပညာရှင်များအတွက် စိန်ခေါ်မှုတစ်ရပ်ကို ဦးတည်လျက် ဖွဲ့စည်းဖြစ်ပေါ်စေပြီး လူသားများကို ၎င်းအဆိုများနှင့် ပတ်သက်သော ရှင်းလင်းဖွင့်ဆိုမှုများကို ရှာဖွေစေပါသည်။ ဤသို့ဖွင့်ဆိုရှင်းလင်းနိုင်မှုမှာ ဇီဝဗေဒပညာကို အကျိုးပြုစေသည်။ အခြေခံသိပ္ပံပညာရပ်များ ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း အထူးသဖြင့် အဏုကြည့်မှန်ပြောင်းကို တီထွင်ပြီးသော ကာလနောက်ပိုင်းမှသာ လူသားများအနေနှင့် အထက်ဖော်ပြပါ အဆိုများကို နားလည်နိုင်စွမ်းရှိလာကြသည်။ (၇) ရာစုအစောပိုင်းမှာ ရှိခဲ့သော လူသားတစ်ယောက်အတွက် ဤကဲ့သို့သော အတွေးအခေါ် အယူအဆမျိုး ဖွင့်ဟပြောဆိုရန်မှာမဖြစ်နိုင်ပါ။
ထိုအချိန်ကာလက အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်သော အာရဗ်လူမျိုး တစ်ယောက်က ဥရောပရှိ လူသား (သို့မဟုတ်) အခြားကမ္ဘာ့ မည်သည့်အစိတ် အပိုင်းဒေသမျိုးတွင်မဆို နေထိုင်သော လူတစ်ယောက်ထက်မဆို သန္ဓေသား အကြောင်းနှင့် ပတ်သက်ပြီးပို၍ သိနိုင်သည်ဟူသော ညွှန်းဆိုနိုင်သည့် အထောက်အထား တစ်စုံတစ်ရာ မရှိပါ။

ကုရ်အာန် ကပြောသော နေ ၏ လှည့်ပတ် မှု အကြောင်း

အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်း ကင်များကို အသင်တို့တွေ့မြင်ကြသည့်အတိုင်း တိုင်များမပါဘဲ မြင့်စွင့်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် “အရ်ရှ်” ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယနေကို လည်းကောင်း၊ လစန္ဒာ ကိုလည်းကောင်း နာခံစေ တော်မူလေသည်။ ထိုနေနှင့်လသည် သတ်မှတ်ထားသောအချိန် ကာလတွင် အသီးသီး သွားလာလျက်ပင် ရှိကြကုန်၏။ ထိုအရှင်မြတ်သည် အရေးကိစ္စတို့ကို စီမံခန့်ခွဲတော်မူ၏။ သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတော်မူ၏။ သို့မှသာလျှင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံခြင်းကို ယုံကြည်ကြရာသတည်း။ ။ (ကုရ်အာန်ကျမ်း ၁၃:၂)

..................................................................................................................

အစ္စလာမ်သာသနာ ၏ နှစ်ခုစီ လာရှိသောမိန့်ခွန်းတော်များ

(၁) ရစူလွလ္လဟ် (စွ) ကိုယ်တော်မိန့်တော်မူထားသည်မှာ....

မွန်မြတ်ဆုံးသော အကျင့်စာရိတ္တ ၂ ခုရှိသည်။ ထို ၂ခုမှာ....
(၁) အလ္လဟ်အသျှင်မြတ်ကို အီမန် ဆွဲယူယုံကြည်ခြင်း
(၂) မွစ်လင်များ၏အကျိုးကို သယ်ပိုးဆောင်ရွက်ခြင်း


မကောင်းဆုံးသောအကျင့်စာရိတ္တ ၂ ခုလည်းရှိလေသည်။ ထို ၂ ခုမှာ
(၁) အလ္လဟ်အသျှင်မြတ်နှင့် တစုံတရာယှဉ်တွဲ ကိုးကွယ်ခြင်း (ရှရီးက်ပြုခြင်း)
(၂) မွစ်လင်များကို ဒုက္ခရောက်စေခြင်း ။


(၂) ရစူလွလ္လာ (စွ) ကိုယ်တော် မိန့်တော်မူသည်မှာ....

သင်တို့အပေါ်၌ လိုက်နာရန်ထိုက်သင့်သော တရား ၂ ပါးရှိ၏ ။
(၁) စစ်မှန်သောအိုလာမာများထံ၌ ချဉ်းကပ်ခစားခြင်း ။
(၂) ပညာရှိတို့၏ ဆုံးမစကားများကို ကြားနာလက်ခံခြင်း
အဘယ်ကြောင့်ဆိုသော် မြင့်မြတ်တော်မူသောအလ္လဟ်အသျှင်မြတ်သည် ခြောက်တွေ့နေသော မြေကို မိုးရေဖြင့်
စီမ်းလမ်းဆိုပြေသကဲ့သို့ သေနေသောစိတ်ကို ဟီက်မသ် ၏နူရ်အလင်းရောင်ဖြင့် ရှင်သန်စေတော်မူသည်။


(၃) အဗူဘကဲရ် (ရသွေ့) သခင်မိန့်တော်မူသည်မှာ ....

အမျိုးသမီးများအား ပလီဝတ်ကျောင်းတော်တွင် ဝတ်ပြုခွင့် ရှိခြင်း အကြောင်း

ဟန်နဖီ မဇဟတ်ပ် များအနေနှင့် မ၈င်္၇ူ အဖြစ် တားမြစ်ပါသည်။အကြောင်းပြချက်မှာ..ယခုလက်၇ှိ ပျက်ဆီးနေသော ခောတ်အခြေအနေ အ၇ ဟု ဆို၏။မာလီကီ နှင့် ၇ှာဖေအီ မဇဟတ်ပ် များ မှာမူ အသက်အ၇ွယ် ကြီးသော အမျိုးသမီးများအား ပလီတွင် လာေ၇ာက်ဖတ်ခွင့် ပြုသည်။(Az-Zuhaili, Al-Fiqh Al-Islami wa Adillatuhu, 2/322; Fatawa Al-Azhar, 1/20).
ူ ဒုတိယ အကြောင်းပြချက်မှာ ပို၍ ခိုင်ပါ၇ှင်းလင်သည်ဟု ဆို၇ပါမည်...Ibnu Qudamah ဆင့်ပြန်သည်မှာ....အမျိုးသမီးများအား ယောင်္ကျားများနှင့် အတူ နမာဇ် အတူးတွဲးဆတ်ခြင်းအား ခွင့်ပြု၇မည်..အဘယ့်ကြောင့် ဆိုသော် အမျိုးသမီများသည် ယခင်က တမန်တော်မြတ်ကြီး{ဆွလ္လ}သည်အမျိုးသမီများနှင့်အတူ နာမတ် ဖတ်ခဲ့ဘူးပါသည်...(Ibnu Qudamah, Al-Mughni, 2/442; Mahmud ‘Uwaidhah, Al-Jami’ li Ahkam Ash-Shalah, 2/473).
သို့သော် အချက်နှစ်ချက်အား လိုက်နာစေခဲ့သည်။ပထမအနေနှင့် အမျိုးသမီးများအနေနှင့် ခင်ပွန်း၏ ခွင့်ပြုချက်{သို}အုပ်ထိန်းသူ၏ ခွင့်ပြုချက်အား အ၇င်တောင်ခံ၇န် လိုအပ်သည်....တမန်တော်မြတ်ကြီးမိန်ေေေ့တော်မှူ သည်မှာ "အကယ်၍ အသင်တို့ ၏ ဇနီးများမှ ပလီသို့သွား၍ နမာဇ်ဖတ်၇န် ခွင့်တောင်းလျှင် ခွင့်ပြု ကြကုန်"(HR Muslim, Bukhari, Ahmad, dan Ibn Hibban).
ဒုတိယ အချက်အနေနှင့် တခြား အမျိုးသားများ၏ နာမတ်အား အနှောင့်အ၇ှက်ဖြစ်စေမည့် မိန်းကလေးများ၏ ကာမဆွဲးဆောင်မှူ့အား ပိုမို စေသော အမွေးနံ့သာများ သုံးထားခြင်းအား တာမြစ်သည်။တမန်တော်မြတ်ကြီး မိန့်တော်မှူသည်မှာ..." အမျိုးသမီးများ အောလ္လာအိမ်တော်သို့ သွားကြသည်ကို မတားကြလေနှင့် သို့သော် ပလီသို့ အ မွှေးအကြိုင်များနှင့် ထွက်လာလျှင် တာမြစ်ကြလေကုန်"(HR Abu Dawud, Ahmad, Ibn Khuzaimah, Darimi, dan Baihaqi).
ထို့ကြောင့် အမျိုးသမီးများအနေနှင့် ခင်ပွန်း သို့ အုပ်ထိန်းသူ ခွင့်ပြုချက် မ၇ပါပဲ ပလီသို့ လာလျှင် ဟာ၇မ်.(As-Sayyid Al-Bakri, I’anah Ath-Thalibin, 2/5)...သို့မဟုတ်က စွန်နတ်သာဖြစ်သည်။ပလီသို့ အမွှေးအကြိုင်များဖြင့် လာ၍ နာမတ်ဇ် လာေ၇ာက်ဖတ်ခြင်းသည်လဲ ဟာ၇မ်း ဖြစ်သည်။Imam Nawawi, Al-Majmu’, 4/199).အဘယ်ကြောင့် ဆိုသော် တခြားအမျိုးသာများ၏ နာမတ်ဇ် အပေါ် အာ၇ုံစူးစိုက်မှူ့အား နှေင့်ယှက်ဖြစ်စေသောကြောင့် ဖြစ်သည်။
ထိုသို့ ဆိုလျှင် အမျိုးသမီးများအတွက်..နာမတ်အား အိမ်မှာ ဖိတ်၇န်နှင့် ပလီမှာဖတ်၇န် နှစ်မျိုးေ၇ွးစ၇ာ၇ှိသည်။အိမ်တွင် တစ်ဦးတည်ဖတ်ခြင်းနှင့် ပလီတွင် ၈ျမအတ်နှင့် ဖတ်ခြင်း မည်သည်ကပို၍မြတ်ပါသနည်း...ဤသည်မှာ Ibnu Hazm (Al-Muhalla, 4/197) နှင့် ၇ှာဖေအီ အီမန် Imam Nawawi. (Al-Majmu’, 4/198) တို့၏ ဆင့်ပြန်ခြင်းဖြစ်သည်။

Hashim(IDN)

အစ္စလာမ် နှင့် အီမန်

၁။ အမြင့်ဆုံးအီမာန်

ဟဇရသ်အဗူဗကရ်(ရသွေ့) ဆင့်ပြန်ခဲ့သည်။မေန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။
အီမာန်တွင်အကိုင်းအလက်ပေါင်း(၇၀)ကျော်ရှိသည်။၎င်းတို့အနက် အမြင့်မားဆုံးသောအချက်မှာ
(လာအီလာဟာအစ်လက်လွာဟ်)ကို ယုံကြည်လက်ခံခြင်းဖြစ်၍ အနိမ့်ဆုံးသောအချက်မှာ
လူအများအား အနှောက်အယှက်ဖြစ်စေသော ဆူးညောင့်ခလုပ်များကို လမ်းမှဖယ်ရှားပေးခြင်းဖြစ်သည်။
ပြီးနှောက်အရှက်အကြောက်တရားသည် အီမာန်၌အလွန်အရေးကြီးသော အကိုင်းအလက်(၀ါ)အချက်
တစ်ခုဖြစဟ်ပေသည်။ (မွတ်စ်လင်မ်) 

Imam Abu Hanifah and Hadith

 
Translator’s foreword


An original Deoband.org article
By Shaykh ‘Abd al-Hafiz al-Makki
Translated by Ismaeel Nakhuda
The following is a translation of the introduction (by Shaykh ‘Abd al-Hafiz al-Makki) to Shaykh Latif al-Rahman al-Bahraichi al-Qasmi’s Al-Rasa’il al-Thalathah al-Hadithiyyah, a collection of three hadith compilations containing narrations transmitted by Imam Abu Hanifah Nu‘man ibn Thabit. It was during the Hajj of 2009 that I was sat in a tent in Mina, a stone throw away from the Jamarat, when I was forced to listen to a young man’s rant on how weak Imam A‘zam Abu Hanifah apparently was in hadith.
Ignoring the sanctity of the venue and time, this young man — who it later transpired was an instructor at Al Kauthar Institute — gave a very colourful and misleading description of the respected imam’s supposed lack of knowledge and prowess in hadith. He also gave very little opportunity to others to rectify his wrong impressions. During this lengthy and greatly troubling speech, this young man — who, to add legitimacy to his views, claimed to be Hanafi and cited several contemporary Hanafi ‘ulama to support his claim to this effect — made many frivolous comments regarding the great imam that left me greatly pained and astonished. I also wondered how one could indulge in such slander of an individual who met and narrated from several Companions of the Prophet (may Allah be pleased with them), and that also at such a sacred time and place.
I pray and hope that by translating writings on this subject, misconceptions about this great tabi‘i, hadith scholar and faqih will be removed, insha-Allah. To add salt to my wounds, the Al Kauthar instructor also insisted that Imam Abu Hanifah apparently only knew seventeen hadiths! La hawla wa la quwwata illa billah. I will, insha-Allah, deal with this issue in a subsequent translation.

HOW TO PERFORM GUSUL



Take water and wash hands up to wrist three times, then wash your private parts[three,three times] ,wash your discharged part, then make WADU,
Pour water over the head Three times down to the roots of the hairs. rubbing the roots of the hair with the wet fingers Pour water liberally over the entire body, beginning with the right side and then the left side. Then pour water over your  head. (Ensuring that
no part of the body is untouched by water by rubbing the body with your hands)


 

Then  say the following Duas for Wudhu when outside the bathroom (if bathroom has a toilet inside it)

  Ashhadu an laa ilaaha ill-Allaah wahdahu laa shareeka lah, wa ashhadu anna Muhammadan abduhu wa rasooluhu. 

I bear witness that there is no god except Allaah alone, with no partner or associate, and I bear witness that Muhammad is His slave and Messenger.)

Allaahumm ajalni min al-tawwaabeena wajalni min al-mutatahhireena  

(  O Allaah, make me one of those who repent and make me one of those who purify themselves)

ဘာသာရေးကို ဂဂနနမသိဘဲ အရမ်းကာရော မဝေဖန်ကြလေနဲ့

Pastor Terry Jones wanted to burn the Qur’an because he believes it preaches violence. That, in fact, has been an article of faith for critics of Islam post-9/11. “See, it says right here,” they say, pointing to the “Sword Verses,” of which they are a dozen. They quote them selectively, as does Osama bin Laden — he to justify violent jihad, they to demonize Islam.
ကုရ်အန်ကျမ်းသည် အကြမ်းဖက်မှုတွေကို ပို့ချပေးနေတဲ့ကျမ်း ဖြစ်တယ်လို့ ယုံကြည်နေတဲ့အတွက် (အီဗန်ဂျလီကယ်) ခရစ်ယန်ဘုန်းတော်ကြီး တယ်ရီဂျုန်းက မီးရှို့ပစ်ချင်နေပါတယ်။ နိုင်းဝမ်းဝမ်းနောက်ပိုင်းတွင် အစ္စလာမ်ဘာသာကို ပြစ်တင် ဝေဖန်နေသူတွေကလည်း ကုရ်အန်ကျမ်းထဲက ဓါးကဏ္ဍရဲ့ တစ်ဒါဇင်လောက်ရှိတဲ့ စာပိုဒ်တွေကို ဟောဒီမှာ ကြည့်ကြဆိုပြီး ရွေးချယ် ထောက်ပြနေကြပါတယ်။ အမှန်တကယ်ကတော့ မိမိရဲ့ အကြမ်းဖက်ဝါဒဆိုးကို အထောက်အကူပြုဖို့ အိုစာမာဘင်လာဒင်က ဒီကျမ်းစာပိုဒ်တွေကို မိမိလိုရာဆွဲပြီး ကိုးကားခဲ့သလို အစ္စလာမ်ဘာသာကို သရုပ်ဖျက်လိုသူများကလည်း အိုစာမာဘင်လာဒင်လိုဘဲ တမင်လိုရာဆွဲ ကိုးကားနေကြခြင်းသာ ဖြစ်ပါတယ်။




As with most sacred texts, the Qur’an is open to human interpretation. But there’s consensus among reputable scholars, Muslims and non-Muslims, that the book sanctions war only for defensive purposes. Peace is the norm, not violence and warfare.
အခြားဘာသာရေးကျမ်းတွေလိုဘဲ ကုရ်အန်ကျမ်းကို လူသားတွေက မိမိအားသန်ရာကို လိုသလိုဆွဲပြီး အဓိပ္ပါယ်ကောက်နိုင်၊ ဖွင့်နိုင်ကြပါတယ်။ သို့သော် ကုရ်အန်ကျမ်းထဲက စစ်မက်ပြုရေး ခွင့်ပြုချက်တွေဟာ မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်းကို ဂုဏ်သိက္ခာရှိ ထင်ရှားကျော်ကြားသည့် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သော ကမ္ဘာ့သာသနာရေးဆိုင်ရာ ပညာရှင်များက တညီတညွတ်တည်း ထောက်ခံ အတည်ပြုထားပြီး ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကိုသာ အခြေခံ စံအဖြစ် သတ်မှတ်ထားသော သာသနာဖြစ်ပါတယ်။ အကြမ်းဖက်မှုနှင့် စစ်ပွဲများသည် အစ္စလာမ်၏ စံအခြေခံ မဟုတ်ပါ။

ကုရ်အာန်တွင်ဆို သော ဂေါဓမ္မမြတ်စွာ

အပ်စလာမို့ အလိုက်ကွန်းမ် မိတ်ဆွေများ

အစ္စလာမ်ဘာသာ ပေါ်ထွန်းလာမှာကို ဗုဒ္ဓက နှစ်ပေါင်းတစ်ထောင်ကျော် လောက်ကတည်းက ကြိုတင် ဟောကိန်းထုတ်ခဲ့တယ်ဆိုတဲ့ ဆောင်းပါးတစ်စောင်ကို တွေ့တာနှင့် မျှဝေခဲ့ပါတယ်။ အဲဒိလို မျှဝေရာမှာ ကုရ်အန်ထဲမှာ ဗုဒ္ဓနှင့် ပတ်သက်၍ ဖေါ်ပြထားတာရှိတယ်လို့ ရေးလိုက်ပါတယ်။ ရေးလိုက်ရတဲ့ အကြောင်းရင်းတစ်ခုက ဗုဒ္ဓဘာသာလူများစုတွေ နေထိုင်တဲ့ မြန်မာနိုင်ငံက မြန်မာမွတ်စလင်တွေအနေနှင့် ဗုဒ္ဓနှင့် အစ္စလာမ် ဆက်စပ်မှုကို ကြားသိထားသည့်အတိုင်း ရေးလိုက်ခြင်းဖြစ်ပါတယ်။ လူမျိုးနွယ်တိုင်းကို အလ္လာဟ်အရှင်က တမန်တော်များ စေလွှတ်ခဲ့သည်ဟု ကုရ်အန်က ဆိုသည်ဟုလည်း ကြားနာဖူးပါတယ်။ ဗုဒ္ဓကို ကုရ်အန်တွင် ဖေါ်ပြထားသည်နှင့် ပတ်သက်၍ လေးစားအပ်သော မိတ်ဆွေကြီးနှစ်ဦးက မေးခွန်းထုတ်လာပါတယ်။

ကျနော်သိသလောက်က ဘာသာအသီးသီးမှာ အယူအမြင် ကွဲပြားမှုတွေ ရှိပါတယ်။ အဲဒီအယူ အမြင်ကွဲပြားမှုအပေါ် အခြေခံပြီး ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ဂျူး စသည်တို့မှာ အစ္စလာမ်လိုဘဲ ဂိုဏ်းကွဲများ (Schools) ဖြစ်တည်လျက် ရှိပါတယ်။ တစ်ဂိုဏ်းထဲမှာပင် ဒေသအလိုက် ကွဲပြားမှုတွေ ရှိတတ်ပြန်ပါတယ်။

အခုကျနော် ဖေါ်ပြပေးမည့် အကြောင်းအရာနှင့် ပတ်သက်၍လည်း အစ္စလာမ် ဘာသာရေး ပညာရှင်များတွင် အမြင်မတူညီမှုတွေ ရှိနိုင်ပါတယ်။ ကျနော့အနေနှင့် တွေ့ရှိရခြင်းကို ဗဟုသုတအဖြစ် မျှဝေပေးခြင်းသာဖြစ်ပါတယ်။ လေ့လာထားတာ ဟုတ္တိပတ္တိမရှိ၍ လေ့လာထားတာကို တင်ပြခြင်း အလျဉ်း မဟုတ်ပါ။ ဘယ်လောက်မှန်တယ်။ မမှန်ဘူး။ ခိုင်မာတယ်။ မခိုင်မာဘူးဆိုတာကို အသေးစိတ် ပိုမိုသိရှိလိုပါက သက်ဆိုင်ရာ အစ္စလာမ်သာသနာ့ ပညာရှင်များကို ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်။ မိမိ သိရှိထားသည်များ ရှိပါကလည်း ဖတ်ရှုလိုပါတယ်။

ဆရာ ဦးမောင်ကို ဂဖာရီ၏ Al-Nahdahပါ ဆောင်းပါးကို (မူလ မိတ္တူက အလွန်ဟောင်းနွမ်းနေပြီး ဖတ်ရန် ခက်ခဲနေသဖြင့်)
ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်စာအားနည်းသော မိတ်ဆွေများ အလွယ်သိရှိနိုင်ရန် အဓိကကျသော အချက်အလက်အချို့ကို မြန်မာပြန်ပေးလိုက်ပါတယ်။

(Allama Yusuf Ali အပါအဝင်) ထင်ရှားကျော်ကြားသော အစ္စလာမ်သာသနာ့ ပညာရှင်များက ဂေါတမဗုဒ္ဓကို Surah Ambiya (21:85-86)နှင့် Surah Sad (38:48)ပါ Zul-Kifl, Man of Kappila (ဇွလ်ကိဖ်လ်, ကပ္ပိလမှ ပုဂ္ဂိုလ်ထူး)အဖြစ် သတ်မှတ် ဖေါ်ပြကြပါတယ်။ Maulana Manazir Ahsan Gilaniက Sabe-inသည် ဗုဒ္ဓဘာသာနိုင်ငံကို ရည်ညွှန်းသည်ဟု ဆိုခဲ့သည်။ Maulvi Abdul Haq Vidhyarthi နှင့် အခြားသြဇာကြီးမားသော အစ္စလာမ်သာသနာ့ ပညာရှင်အများအပြားက ဗုဒ္ဓမိန့်ကြားခဲ့သော နောက်ပွင့်တော်မူမည့် Ari-Metteya ဘုရား(မိမိ၏ ရန်သူကိုပင် မေတ္တာတရား ကြီးမားစွာ ထားနိုင်သောသူ) ဆိုသည်မှာ ကျွန်ုပ်တို့၏ နောက်ဆုံးတမန်တော်ကို ရည်ညွှန်းခြင်းသာဖြစ်ကြောင်း ရှင်းလင်းဖွင့်ဆိုကြသည်။

အချို့ပညာရှင်များက Surah At-Tin(95)ကို သဖန်းပင်ဟု ပြန်ဆိုရာတွင် ဗုဒ္ဓနှင့် အခြားသူတော်စင်များ တရားအားထုတ်သော ဗောဓိညောင်ပင်ကိုလည်း ဆိုလိုနိုင်ကြောင်း ဖွင့်ဆိုကြသေးသည်။

လေးစားစွာဖြင့်

အောင်တင်
အောက်တိုဘာ ၁၁၊ ၂၀၁၀

ပညာရေးလင့်များ

»  www.pearsonpte.com                 မြန်မာပြည်တွင်းအွန်လိုင်းအင်္ဂလိပ်စာ 4scale ဖြေဆိုနိုင်
                                                    သောဝက်ဆိုက်
 »  www.Yuonline-wbts.com            ရန်ကုန်တက္ကသိုလ် onlineစာမေးပွဲဆိုင်ရာဝက်ဆိုက်
 »  www.ru-mm.org                        ရုရှားမြန်မာအဘိဓာန်ကိုအခမဲ့ရယူနိုင်တဲ့ဆိုက်
 »  www.edu.mysteryzillon.org »  www.worldenglishinstitute.org     ရေးဖတ်ပြော အင်္ဂလိပ်စာသင်ခန်းစာများ အခမဲ့ လေ့လာ
                                                    နိုင်တဲ့
 »  www.pearsonpte.com                 မြန်မာပြည်တွင်း အွန်လိုင်းအင်္ဂလိပ်စာ 4scale ဖြေဆိုနိုင်
                                                    သောဆိုက်ပါ
 »  www.Ielts.org                           အင်္ဂလိပ်စာ IELT စာမေးပွဲဆိုင်ရာဝက်ဆိုက်
 »  www.Juniper.net                       နိုင်ငံတကာအခမဲ့ Network စာမေးပွဲအကြောင်း ပါသော
                                                    ဝက်ဆိုက်
 »  www.studying-singapore.com       ပြည်ပမှတက္ကသိုလ်များကို onlineမှတက်ရောက်နိုင်ရန်
                                                    ကြည့် ရှု နိုင်သောဆိုက်
 »  www. internationalstudent.com   နိုင်ငံခြားမှာ  ပညာသင်နေတဲ့  ကမ္ဘာ့လူငယ်ကျောင်းသား
                                                    များ အတွက် ဝက်ဆိုက်
 »  www.burmait.net                      နိုင်ငံရပ်ခြားပညာသင်ကြားလိုသူများအတွက် ပညာသင်
                                                   ဆုများ အကြောင်းဝက်ဆိုက်
 »  www.niied.go.uk                        တက္ကသိုလ်ဝင်တန်းအောင်ပြီးသူများ ကိုရီးယားပညာသင်
                                                    ဆု လျောက်နိုင်သောဝက်ဆိုက်
 »  www.Jasso.go.JP                       မြန်မာကျောင်းသားတွေကို  နှစ်စဉ်ဂျပန်ဘာသာအရည်
                                                    အချင်းစစ်စာမေးပွဲကျင်းပပြီးပညာသင်ဆုပေးနေတဲ့ဆိုက်
 »  www.bca.ac.uk                          ukနိုင်ငံဘာမင်ဂမ်မြို့တက္ကသိုလ်ရဲ့ဝက်ဆိုက်
 »  www.W.L.C.co.uk                      ukနိုင်ငံ၏ wlc ကောလိပ်၏ဝက်ဆိုက်

အစ္စလာမ်သာသနာနှင့် ဗုဒ္ဓ၀ါဒဟု ဆိုကြရာဝယ်....

အစ္စလာမ့်စာပေရေစီးကြောင်းမှာ “အစ္စလာမ်သာသနာနဲ့ ဗုဒ္ဓ၀ါဒ” ကို ဘယ်လိုနှိုင်းယှဉ်ဖော်ပြကြမလဲလို့ ကျွန်မ စောင့်ကြည့်နေခဲ့မိပါတယ်။ ဒါပေမဲ့ မတွေ့ခဲ့ရပါဘူး။ နှိုင်းယှဉ်ဖော်ပြထားတာတွေ ရှိကောင်းလည်း ရှိပါလိမ့်မယ်။ ကျွန်မ လေ့လာမိခဲ့သလောက်ကတော့ မရှိသလောက်ကို နည်းပါးလှပါတယ်။ “အစ္စလာမ်သာသနာနဲ့ ခရစ်ယာန်သာသနာ” ၊ အစ္စလာမ်သာသနာနဲ့ ဟိန္ဒူဝါဒ” စသည်ဖြင့်ပဲ တွေ့နေရပါတယ်။ တကယ်တမ်း ကျွန်မတို့က မြန်မာနိုင်ငံမှာ နေထိုင်ရတော့ကာ မြန်မာနိုင်ငံရဲ့ အဓိက၀ါဒတစ်ခုဖြစ်တဲ့ “ဗုဒ္ဓ၀ါဒ” နဲ့ နှိုင်းယှဉ်ပြီး ဖိတ်ခေါ်ရမှာဖြစ်တဲ့အတွက် လေ့လာဖို့ လိုအပ်လှပါတယ်။ အဲ့လိုအဲ့လို အကြောင်းတွေကြောင့် ကျွန်မသိသလောက် “ဗုဒ္ဓ၀ါဒ နဲ့ အစ္စလာမ်သာသနာ” ကို နှိုင်းယှဉ်ပြချင်တဲ့ တွင်းအဇ္စုတ္တသဏ္ဍာန်မှ စိတ်ရင်းစေတနာများက တဖွားဖွား ပေါ်ပေါက်လာမိပါတယ်။ အဲ့ဒါကြောင့်ပဲ……………..။

ကျွန်မအနေနဲ့ “ဗုဒ္ဓ၀ါဒ” လို့ ခေါင်းစဉ်တပ်ရခြင်း အကြောင်းရင်းကို ဦးဆုံးပြောပြချင်ပါတယ်။ ရှင်တော်ဂေါတမ္မဗုဒ္ဓရဲ့ သွန်သင်မှုတွေကို လေးစားလိုက်နာသူတွေကို ဗုဒ္ဓ၀ါဒီလို့ခေါ်ပါတယ်။ တနည်းအားဖြင့်တော့ “ရှင်တော်ဂေါတမ္မဗုဒ္ဓ” ဆိုတဲ့ အတွေးအခေါ်ရှင်တစ်ယောက်က တည်ထောင်ခဲ့တဲ့ နည်းစနစ်တစ်ခု ဖြစ်တဲ့အတွက် ၀ါဒတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တည်ထောင်သူကို အစွဲပြုပြီး ခေါ်ဆိုတာပါပဲ။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် Evolution Theory ( အီဗိုလူးရှင်းသီအိုရီ) ကို တည်ထောင်သူ Charles Darwin ( ချားလ်စ်ဒါဝင်) ကို အစွဲပြုပြီး Darwinism ( ဒါဝင်ဝါဒ) လို့ သုံးနှုံးလိုက်တဲ့ သဘောတရားလိုပါပဲ။ နောက်တစ်ချက်ကတော့ ရှင်တော်ဂေါတမ္မဗုဒ္ဓရဲ့ သွန်သင်ချက်များဟာ ကိုယ်ကျင့်တရားဆိုင်ရာ နည်းစနစ်တွေကိုသာ တအား အသားပေးထားတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒါကြောင့် သူ့ရဲ့သွန်သင်ချက်တွေကို ဘာသာတရားဆိုတာထက် “ကိုယ်ကျင့်တရားဆိုင်ရာ နည်းစနစ်များ ( Ethical systems)” လို့ပြောရင် ပိုပြီးသင့်လျော်ပါလိမ့်မယ်။

နမာဇ်ကဏ္ဌအသီးသီးဧ။်အကျိုးကျေးဇူးတော်များ

ညီနောင်များဖတ်နေသောနမဇ်များကို အကျိုးကျေးဇူးသိပြိးနောက်ပိုင်းပို၍ဖတ်ချင်လာစိတ်
ဖြစ်စေချင်သောဆန္နဖြင့် ရေးပေးလိုက်ချင်ပါ။
စာအရေးအသားအမှားများပါခဲ့ရင် စေတနာအမှားဖြစ်လို့ နားလည်ပေးပါ။
အားလုံးဆုံးတဲ့ထိဖတ်ပြိး တခြားသူများကိုလည်း ပေးဝေစေချင်ပါတယ်။
အဲ့လိုလုပ်ပေးရုံနဲ့တင် အကျိုးစ၀ါဗ်များစွာရမယ်လို့ ယုံကြည်ပါတယ်။

နမာဇ်ကဏ္ဌအသီးသီးဧ။်အကျိုးကျေးဇူးတော်များ

ိ
သပ်က်ဗိရေအူလာ

ဒွန္နယာနှင့်ဒွန္နယာအတွင်းရှိအရာခပ်သိမ်းထက့်သာမြတ်သည
်။နမာဇ်ဧ၊်အဆိအနှစ်ဖြစ်သည်။
မိုးပြေရှိသက်ရှိသက်မဲ့တိုင်းကိုပျော်မွေ့စေသည်။ကုလားအုပ်(၁၀၀၀)လှူသည်ထက်သာမြတ်
သည်။ယနေ့မွေးလာသည့်ကလေးပမာဒုစရိုက်များကင်းစင်သည်။စနာနှင့်သအောက်ဝုဇ်
ရွတ်ဖတ်သော်ဟဂ်ျနှင့်အွမ္မရဟ်ဧ။်အကျိုးရဧ။်

"Freedom of Religion" under a "Democracy"

Having touched on the topic of Shariah, we move to the related question of freedom of religion under a Democracy.

It is always a good habit to explain the meaning of the words we use, so that others understand exactly what WE mean, instead of the reader or listener applying their own understanding to our words and getting a totally different understanding from ours.

“Freedom of religion” means my freedom to practice my religion in the way I understand it needs to be practiced without any interference from anyone.

Twitter Delicious Facebook Digg Stumbleupon Favorites More