လူသားအားဖန်ဆင်းခြင်း (၀ါ) အဆင့်ဆင့်ပြုစုပျိုးထောင်ခြင်း

လူသားအားဖန်ဆင်းခြင်း (၀ါ) အဆင့်ဆင့်ပြုစုပျိုးထောင်ခြင်း
ကျမ်းမြတ်ကုရ်အာန်ရှိ လူသားများ မျိုးပွားခြင်းနှင့် ပတ်သက်သော အကြောင်းအရာတွင် များပြားလှစွာသော ဖွင့်ဆိုရှင်းလင်းချက်များက သန္ဓေသားလေ့လာသော သိပ္ပံပညာရှင်များအတွက် စိန်ခေါ်မှုတစ်ရပ်ကို ဦးတည်လျက် ဖွဲ့စည်းဖြစ်ပေါ်စေပြီး လူသားများကို ၎င်းအဆိုများနှင့် ပတ်သက်သော ရှင်းလင်းဖွင့်ဆိုမှုများကို ရှာဖွေစေပါသည်။ ဤသို့ဖွင့်ဆိုရှင်းလင်းနိုင်မှုမှာ ဇီဝဗေဒပညာကို အကျိုးပြုစေသည်။ အခြေခံသိပ္ပံပညာရပ်များ ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း အထူးသဖြင့် အဏုကြည့်မှန်ပြောင်းကို တီထွင်ပြီးသော ကာလနောက်ပိုင်းမှသာ လူသားများအနေနှင့် အထက်ဖော်ပြပါ အဆိုများကို နားလည်နိုင်စွမ်းရှိလာကြသည်။ (၇) ရာစုအစောပိုင်းမှာ ရှိခဲ့သော လူသားတစ်ယောက်အတွက် ဤကဲ့သို့သော အတွေးအခေါ် အယူအဆမျိုး ဖွင့်ဟပြောဆိုရန်မှာမဖြစ်နိုင်ပါ။
ထိုအချိန်ကာလက အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်သော အာရဗ်လူမျိုး တစ်ယောက်က ဥရောပရှိ လူသား (သို့မဟုတ်) အခြားကမ္ဘာ့ မည်သည့်အစိတ် အပိုင်းဒေသမျိုးတွင်မဆို နေထိုင်သော လူတစ်ယောက်ထက်မဆို သန္ဓေသား အကြောင်းနှင့် ပတ်သက်ပြီးပို၍ သိနိုင်သည်ဟူသော ညွှန်းဆိုနိုင်သည့် အထောက်အထား တစ်စုံတစ်ရာ မရှိပါ။

ယနေ့ခေတ်ကာလတွင်မူ ကုရ်အာန်နှင့် သဘာဝသိပ္ပံဆိုင်ရာ စေ့စပ်သေချာသော အသိပညာဗဟုသုတများရှိကြသည့် မွတ်စလင်မ်များ များစွာရှိကြပြီး ထိုသူများအနေနှင့် ကျမ်းမြတ်ကုရ်အာန်တွင် ပါဝင်သော မျိုးပွားမှုဆိုင်ရာ အာယသ်တော်များကို ထင်ရှား ရှင်းလင်းစွာ သိမြင်လာကြပြီး၊ ယနေ့ခေတ် လူသားတို့၏ အသိပညာများနှင့် နှိုင်းယှဉ် ထင်ဟပ် ဖွင့်ဟ ရှင်းလင်းနိုင်စွမ်းလည်း ရှိလာကြပေသည်။ ကျွန်ုပ်အနေနှင့် အမြဲ သတိရနေတဲ့ အချက်ကတော့၊ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ ၁၈နှစ်သားအရွယ် လူငယ်ကလေးတစ်ယောက်က မျိုးပွားခြင်းနှင့်ဆိုင်တဲ့ မေးခွန်းကို ကုရ်အာန်မှာ ဖော်ပြထားချက်များနှင့် အကိုးအကားပြ ဖြေဆိုသွားတဲ့ အချက်ဘဲ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းစာအုပ်ကို ညွှန်ပြပြီးလျှင် ထိုလူငယ်လေးက ဤသို့ ပြောခဲ့ပါတယ်။ ဒီစာအုပ်က မျိုးပွားခြင်းနှင့်ဆိုင်တဲ့ အရေးကြီးတဲ့ သတင်း အချက်လက် များကို များစွာပေးပါတယ်။ ကျွန်တော်တို့ ငယ်စဉ် ကျောင်းနေစဉ်တုန်းက ဆရာများက ကုရ်အာန်စာအုပ်ကို အသုံးပြုပြီး ကလေးများ မည်သို့မွေးဖွားတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ခင်ဗျားပြောတဲ့ “လိင်ပညာရေး နှင့်ဆိုင်တဲ့ စာအုပ်တွေဟာ ကမ္ဘာ့မြင်ကွင်းမှာ အတော်လေး ခေတ်နောက်ကျနေပါပြီ´´ တဲ့ခင်ဗျာ။

အထူးသဖြင့် ဤကိစ္စရပ်နှင့်ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်ကျရောက်သော အချိန်မှာရှိသော လူသားများ၏ ယုံကြည်ချက်များမှာ အယူသီးမှုများ ဒဏ္ဍာရီများနှင့် ပြည့်နှက်လျက်ရှိပြီး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သော အကြောင်းအရာများနှင့် ခေတ်သစ် အချက်အလက်များ၏ နှိုင်းယှဉ်လေ့လာမှုများက ကျွန်ုပ်တို့အား အံ့သြလောက်အောင် ကိုက်ညီမှုများပေးပေသည်။ ထိုခေတ် ထိုအချိန်အခါက အများ လက်ခံထားသည့် မှားယွင်းနေသော အယူအဆများ တစ်စုံတစ်ရာ ကျမ်းမြတ်ကုရ်အာန်တွင် ရှိမနေခြင်းမှာ ခေတ်သစ်လေ့လာတွေ့ရှိချက်များက ကုရ်အာန်၏ ဖွင့်ဆိုချက်များကို အံ့အားသင့်စရာကောင်းလောက်အောင် ထောက်ခံအားပေးသက်သေပြ နေခြင်းပင် ဖြစ်ပါသည်။

လူသား၏ မျိုးပွားခြင်းနှင့်ပတ်သက်၍ ဖော်ပြထားသော အာယသ်တော်များထဲမှ ရှုတ်ထွေးလှသော မျိုးအောင်စေသည့် အရည်နှင့် မျိုးအောင်ရန်အတွက် အလွန် နည်းပါးလှသောပမာဏသည်သာလျှင် ထိုမျိုးအောင်ခြင်းဖြစ်စဉ်၏ အစစ်အမှန် လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ဖွင့်ဆိုသည့် အရဗီဘာသာစကားလုံးနှင့်ပတ်သက်သော တိကျသည့် အယူအဆများကိုသာ သီးသန့်လေ့လာ စမ်းစစ် ကြည့်ပါစို့။ အမျိုးသမီး၏ မမျိုးပွားအင်္ဂါတွင် မမျိုးဥများ ခိုင်မြဲစွာ တွယ်ကပ်နေခြင်းအကြောင်းကို များလှစွာသော အာယသ်တော်များတွင် `အလတ်က်´ဟူသောစကားလုံးဖြင့် ပြီးပြည့်စုံစွာ ဖော်ပြထားသည်။ ထို့ပြင် ....သွေးစိုင်သွေးခဲကဏ္ဍ၊ ကျမ်းပိုဒ် (၂)....တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပေသည်။

..... “ထိုအလ္လာဟ်အရှင်မြတ်သည် လူသားကို တွယ်ကပ်သည့်အရာတစ်ခုမှ ဖန်ဆင်း ပုံဖော်တော်မူ၏။´´ (၉၆း၂) ......

ကျွန်ုပ်အနေနှင့် `အလက်´ဟူသော စကားလုံးနှင့်ပတ်သက်၍ ၎င်းင်း၏ မူရင်းအဓိပ္ပါယ်၊ သဘောတရားမှ ကင်းလွတ်ပြီး သင့်လျော်သော ဘာသာပြန်ဆို ရှင်းလင်းမှုမျိုး မရှိနိုင် ဟုယူဆပါသည်။ မိခင်၏ သားအိမ်အတွင်း သန္ဓေသား၏ အဆင့်ဆင့် ပြောင်းလဲမှုနှင့်ပတ်သက်၍ အနှစ်ချုပ်ဖော်ပြထားပြီး တင်ပြ ရေးသားဖော်ပြချက်မှာလည်း အလွန် ရှင်းလင်း တိကျလှသည်။ အကြောင်းမူ သုံးနှုန်းသောစကားလုံးများမှာ ရိုးရှင်းသည်သာမကဘဲ သန္ဓေသားဖွံ့ဖြိုးကြီးထွားလာသော အရေးကြီးသော အဆင့်များကို တိတိကျကျ ဖော်ညွှန်းထားပေသည်။
ဤဖြစ်စဉ်ကို.....သက်ဝင်ယုံကြည်သူများကဏ္ဍ၊ ကျမ်းပိုဒ် (၁၄) .....တွင် အောက်ပါအတိုင်း ဖတ်ရှုသိနိုင်သည်။

......“ထို့နောက်ငါအရှင်မြတ်သည် ကာလလရေကြည်၏ အနည်းငယ်သောပမာဏမှ တွယ်ကပ်သော အရာတစ်ခုအဖြစ် ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် ယင်းတွယ်ကပ် နေသောအရာကို ၀ါးထားသော အသားတုံးအဖြစ်ဖန်ဆင်း ပုံဖော်လိုက်သည်။ ထို့နောက် အသားတုံးမှ အရိုးများအဖြစ် ဖန်ဆင်း ပုံဖော်တော်မူ၏။ ထို့နောက် ထိုအရိုးများကို အသားများဖြင့် တန်ဆာဆင်မြန်းပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ၄င်းအရာမှ အခြားသော ဖန်ဆင်းခံအရာတစ်ခုကို တိုးတက်ဖွံ့ဖြိုးစေတော်မူ၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သာလျှင် ကောင်းချီးပေးထိုက်သောအရှင်ဖြစ်သကဲ့သို့ အကောင်းဆုံးသောဖန်ဆင်းရှင်လည်း ဖြစ်တော်မူပေသည်။´´ (၂၃း၁၄).........

“မုဒ်ွဃဟ်´´ဟူသောစကားလုံး (၀ါးထားသောအသားတုံး)သည် သန္ဓေသား၏ အသွင်အပြင် ပုံပန်းသဏ္ဍာန် နှင့် တိတိကျကျကိုက်ညီသည့်အပြင် ၎င်း၏ ဖွံ့ဖြိုးတိုးတက်သော တိကျသေချာသော အခြေအနေအဆင့်ကို ပုံဖော်ပေးနိုင်သည်။ အရိုးများသည် ထုထည်ရှိသောအသားမျှင်များအတွင်း တိုးတက်ဖွံ့ဖြိုးပြီး ထိုအရိုးများကို မာဆယ်လ်ခေါ် ကြွက်သားများက ဖုံးအုပ်ထားသည်ဟူသောအချက်မှာ သိရှိထားပြီး အချက်အလက်များဖြစ်သည်။ ဤတွေ့ရှိချက်များက `လဟ်မွန်´ဟူသောအာရဗီစကားလုံး၏ ပြည့်ဝသော အဓိပ္ပါယ်ကို ဖော်ဆောင်နေပေသည်။ သန္ဓေသားသည် အချို့အဆင့်မှာ အချိုးအစားကျပြီး အချို့အဆင့်မှာ အချိုးအစားမကျသော အဆင့်တစ်ခုကို ကျော်ဖြတ်၍ နောက်အခါတွင် လူသားတစ်ဦးစီကို ဖြစ်ပေါ်စေသည်။ ဤအချက်ကို ...ဟဂ်ျပြုခြင်းကဏ္ဍ၊ ကျမ်းပိုဒ် (၅).....၏ အောက်ပါအာယသ်တော်အတွင်း အဓိပ္ပါယ်ဖော်ဆောင်ပြနေလေသည်။

......“ငါအရှင်မြတ်သည် အသင်လူသားတို့အား မြေကြီးမှလည်းကောင်း၊ ထို့နောက် တွယ်ကပ်သောအရာ သုတ်သွေးမှလည်းကောင်း ဖန်ဆင်းတော်မူသည်။ ထို့နောက် ငါအရှင်မြတ်သည် သူ့အား အသားတုံးငယ်အတွင်း တွယ်ကပ်နေသောအရာဖြင့် ပုံဖော် ပြုလုပ်တော်မူ၏။ ၄င်းအသားတုံးသည်ကား တစ်စိတ်တစ်ဒေသ ပုံစံကျပြီး တစ်စိတ်တစ်ဒေသ အချိုးအစား ကျနခြင်းမရှိပေ။´´ (၂၂း၅).......

နောက်တစ်ခုအနေနှင့် ကျွန်ုပ်တို့..... ပျပ်ဝပ်ဦးချခြင်းကဏ္ဍ၊ ကျမ်းပိုဒ် (၉) ....တွင် ဖော်ပြထားသော အာရုံခံစားမှုများနှင့် အတွင်းအင်္ဂါ အစိတ်အပိုင်းများအကြောင်းနှင့် ပတ်သက်သော အထောက်အထား ကိုးကားမှုများကို လေ့လာ ကြည့်ကြပါစို့။

.......“၄င်းပြင် ထိုအလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ကြားခြင်း၊ မြင်ခြင်းနှင့် ခံစားမှုများကို သီးခြားဖန်ဆင်းတော်မူခဲ့သည်။´´ (၃၂း၉)........

ထပ်မံ အကျယ်ရှင်းရသော် ကုရ်အာန်ကျမ်းကျရောက်ခဲ့သော အချိန်ကာလက ရှိခဲ့သည့် မှားယွင်းသောအယူအဆ တစ်စုံတစ်ရာမျှ ကုရ်အာန်သို့ လုံးဝ ၀င်မလာခဲ့ပေ။ အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ ဖွင့်ဆို ရှင်းလင်းချက်များမှာလည်း ယနေ့ခေတ် လေ့လာတွေ့ရှိချက်များနှင့် ရှေ့နောက်မညီညွတ်မှု၊ ခြားနားမှု တစုံတရာ မရှိပါ။ ။

Twitter Delicious Facebook Digg Stumbleupon Favorites More