အစ္စလာမ် နှင့် အီမန်

၁။ အမြင့်ဆုံးအီမာန်

ဟဇရသ်အဗူဗကရ်(ရသွေ့) ဆင့်ပြန်ခဲ့သည်။မေန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။
အီမာန်တွင်အကိုင်းအလက်ပေါင်း(၇၀)ကျော်ရှိသည်။၎င်းတို့အနက် အမြင့်မားဆုံးသောအချက်မှာ
(လာအီလာဟာအစ်လက်လွာဟ်)ကို ယုံကြည်လက်ခံခြင်းဖြစ်၍ အနိမ့်ဆုံးသောအချက်မှာ
လူအများအား အနှောက်အယှက်ဖြစ်စေသော ဆူးညောင့်ခလုပ်များကို လမ်းမှဖယ်ရှားပေးခြင်းဖြစ်သည်။
ပြီးနှောက်အရှက်အကြောက်တရားသည် အီမာန်၌အလွန်အရေးကြီးသော အကိုင်းအလက်(၀ါ)အချက်
တစ်ခုဖြစဟ်ပေသည်။ (မွတ်စ်လင်မ်) 


အစ္စလာမ် နှင့် အီမန်


အစ္စလာမ်  ဟူသောဘာသာစကားမှာ အာရဗီ ဘာသာစကားဖြစ်၍ `နာခံခြင်း´ဟု အဓိပ္ပာယ်ရ၏ ၊
အလ္လာဟ် အရှင်၏ အမိန်တော်များကို နာခံခြင်းဟု အဓိပ္ပာယ် ပြန်ဆိုနိုင်မည်ဖြစ်သည်။ အလ္လာဟ်
အရှင်၏ အမိန်တော်များကို နာခံသော လူသားတို့ကို မွတ်စလင်ဟု ခေါ်သည် ၊ လူသားတို့သည်
သာလျှင်မဟုတ် သေး ၊ နေ ၊ လ၊ နက္ခတ်တာရာ စသော အခြား သက်ရှိသက်မဲ့ အရာဝတ္ထုအား
လုံးသည် သဘာဝ နိယာမ တစ်ခုခု နှင့်အညီ တည်ရှနေရခြင်း ၊ သွားလာနေရခြင်းတို့ကြောင့်
ယင်းအရာ အားလုံးတို့ကိုလည်း တနည်းအားဖြင့် မွတ်စလင်များ ဟုခေါ်သည် ၊ အကြောင်းမူကား
 ထိုသက်ရှိသက်မဲ့ အရာဝတ္ထုတိုင် လိုက်နာရသောသဘာဝ
                    ၁ ။ တမန်တော် အီဘရာဟိမ်(ပရောဖက် အေဗြဟံ )သည် အလ္လာဟ် အရှင်၏
အမိန်တော်စကားကို နာခံသူ၏သားကို ကုရ်ဘာနီ (စွန့်လှူရန်) စီစဉ်သူကို အစွဲပြု၍ အစ္စလာမ
 Is Lama ခေါ် စကားလုံးမှ  အစ္စလာမ် ဖြစ်လာသည်လည်းဆိုသည်။ နိယာမ အတိုင်း အလ္လာဟ်
 အရှင်ကပင် စီမန်ဖန်တီးထားသောကြောင့် ဖြစ်သည်။ အစ္စလာမ်ဘာသာတွင်
                 အခြေခံမှုကြီး ၅ ခုရှိ၏ယင်းတို့ကား
၁ ။ အလ္လာဟ် အရှင်မှတပါးကိုးကွယ်ဆည်းကပ်ထိုက်သူမရှိ။
 ၂ ။ တစ်နေလျှင် ၅ ကြိမ်ကျ မှန်မှန် ၀တ်ပြုရခြင်း ။
၃။ ဇကာတ် ဆင်းရဲသားကြေးပေးရခြင်း။
 ၄။ ရန်မဇန်လ၌ ဥပုသ်သီလ ဆောက်တည်ရခြင်း ။
 ၅။ ငွေကြေးတတ်နိုင်သူများသည် မိမိတို့ တစ်သက်တာအတွင်း အနည်းဆုံးတစ်ကြိမ်ခြင်း မက္ကာမြို့
ဟာဂ်ျအိမ်တော်သို့ သွား၍ ဟာဂ်ျပြုရခြင်းတို့ ဖြစ်သည်။
 အီမန်ဟူသော အာရဗီ ဘာသာစကား၏ အဓိပ္ပာယ်ကား သဒ္ဒါယုံကြည်မှုပင်ဖြစ်သည်။ အလ္လာဟ်
အရှင်အား အကြွင်းမဲ့ယုံကြည်ခြင်းမှု ကိုဆိုသည်၊ အလ္လာဟ် အရှင်ကို ယုံကြည်သဖြင့် ထိုအရှင်ကို
နာခံတဲ့အခါ မွတ်စလင် ဖြစ်သွားတော့သည် ၊ ဤသို့ဖြင့် အစ္စလာမ် နှင့် အီမန်တို့မှာ အတူတူပင်ဖြစ်သည် ။
အီမန်ခေါ် သဒ္ဒါယုံကြည်မှုမရှိလျှင် မွတ်စလင် တစ်ဦးမဖြစ်နိုင်ပေ ၊ အစ္စလာမ် နှင့် အီမန်တို့မှာ သစ်ပင်နှင့်
 သစ်စေ့ကဲ့သောပင်တည်း ၊ အီမန် မပါရှိဘဲ အစ္စလာမ်မဖြစ်နိုင်ချေ။ အီမန်ယုံကြည်မှု ၇ မျိုးရှိသည်
 အောက်ပါတို့ဖြစ်၏
၁။ အလ္လာဟ် အရှင်ကို ယုံကြည်ခြင်း။
 ၂။ ကောင်းကင်တမန်တို့ကို ယုံကြည်ခြင်း။
 ၃။ တမန်တော်တို့ကိုယုံကြည်ခြင်း။
 ၄။ အလ္လာဟ် အရှင်တော်၏ ကျမ်းတော်များကို ယုံကြည်ခြင်း။
 ၅။ တမန်လွန်ဘ၀ကို ယုံကြည်ခြင်း။
၆။ ကောင်းမှု မကောင်းမှုတို့သည် အလ္လာမ် အရှင်ထံမှကျလာသည်ဟုယုံကြည်ခြင်း။
 ၇။ သေပြီးနောက် တဖန်ရှင်သန်ထမြောက်ကာ အလ္လာဟ် အရှင်မြတ်ရှေ့တော်၌
 စစ်မေးခြင်းခံရမည်ကိုယုံကြည်ခြင်း ၊ အီမန်ယုံကြည်မှုမရှိသူအား
 ငြင်းပယ်ခြင်း (သို့မဟုတ်) ကာဖိရ်များဟုခေါ်သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More